HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းလေဆိပ်ချင်း ဆက်သွယ်သည့် မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်ရာတွင် မြေယာစာချုပ် ချုပ်ဆိုခြင်းအား အလုပ်သမား သမဂ္ဂကကန့်ကွက်  

ထိုင်းလေဆိပ်ချင်း ဆက်သွယ်သည့် မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်ရာတွင်  မြေယာစာချုပ် ချုပ်ဆိုခြင်းအား အလုပ်သမား သမဂ္ဂကကန့်ကွက်   

ဘန်ကောက်၊ သြဂုတ် ၆ 

ထိုင်းနိုင်ငံဘန်ကောက်မြို့ ဒွန် မောင်း၊ သုဝဏ္ဏဘူမိနှင့် ယူတာအို လေဆိပ်ချင်းဆက် မော်တော်ကားလမ်းများ ကောင်းမွန်ရေးကိုလည်း မြန်နှုန်းဖြင့် မီးရထားလမ်းစီမံကိန်း နည်းတူ တန်းတူထား ဆောင်ရွက်ပေးသင့်သည်ဟု တက်ြ<ွကလှုပ်ရှားသူများနှင့် အလုပ်သမားများသမဂ္ဂက သြဂုတ် ၆ ရက်က ထုတ်ဖော်တောင်းဆိုလိုက်သည်။

ထိုင်းအခြေခံဥပဒေ ကာကွယ် ရေးအဖွဲ့အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဆရီဆူဝမ်ဂျန်ညာက ထိုင်းအစိုးရ၏ အရှေ့ဖျားစီးပွားရေး စင်္ကြံမြန်နှုန်းမြင့် မီးရထားလမ်းဖောက်လုပ်ရန် ကုမ္ပဏီများအား မြေယာလုပ်ပိုင်ခွင့်များပေးထားပြီး မလိုအပ်ဘဲ အလောတကြီးလုပ်ဆောင်နေသည်ဟူ၍ ထုတ်ဖော်ပြောဆိုလိုက်သည်။ မြန်နှုန်းမြင့်မီးရထားလမ်းအတွက် ဇွန်လအတွင်းက အစိုးရတင် ဒါခေါ်ရာတွင် ဘတ်တစ်သန်းဖြင့် ပုံစံဝယ်ယူကာဖြည့်စွက်ရပြီး တင်ဒါအောင်ကုမ္ပဏီသည် ဘတ် ၂ဝဝ ဘီလီယံတန် စီမံကိန်းကြီးအတွက် မြေယာစီမံခန့်ခွဲမှုအပါအဝင် အနှစ် ၅ဝ ကြာ လုပ်ပိုင်ခွင့်ရရှိမည်ဖြစ်သည်။ သို့သော် အစိုးရ၏တင်ဒါ ရွေးချယ်ရေးမူဝါဒအား မစ္စကာဆူရီဆူဝန်က မမျှတဟု ကန့်ကွက်ထားသည်။ ''ဒီလေလံအောင်ကုမ္ပဏီ တွေဟာ လက်ခွဲတင်ဒါဆွဲသူများ အပါအဝင် ကုမ္ပဏီပေါင်း ၃၁ ခု ရှိနေပြီး လမ်းမြေကွက်တွေကို ''မီးရထားမြေ''ဆိုပြီး ဆောင်ရွက်ခွင့် ပါရှိနေတာမို့ အချောင်ဈေးနှုန်းနဲ့ မတန်တဆရရှိသွားတာမို့ နစ်နာဆုံးရှုံးပါတယ်''ဟု ¤င်းကဆက်လက် ပြောဆိုလိုက်သည်။


''ယင်းမြေများအထူးသဖြင့် နိုင်လတ်ပန်းခြံနေရာရှိ မြေဈေးမှာ တစ်စတုရန်းပတ်လည် ဘတ် ၁ ဒသမ ၈ သန်းပေါက်ဈေးရှိနေပါတယ်''ဟုလည်း ထုတ်ဖော်ပြောကြားလိုက်သည်။ ယင်းအတွက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာထံတိုင်ကြားထားပြီး လိုအပ်ပါက တရားစွဲဆိုသည်အထိ ဆောင်ရွက်သွားမည်ဟုလည်း ဆက်လက်ပြောကြားလိုက်သည်။ လေဆိပ်ချင်းဆက်သွယ်မြန်နှုန်းမြင့် မီးရထားလမ်းစီမံကိန်းအား ဝန်ကြီးချုပ် ပရာယွတ်ဦးဆောင် သောအဖွဲ့က ယမန်နှစ်ဖေဖော်ဝါရီလက ခွင့်ပြုမိန့်ချပေးခဲ့ခြင်း ဖြစ် သည်။ ၂၂ဝ ကီလိုမီတာရှည်သော ယင်းမီးရထားလမ်းစီမံကိန်းအား ၂ဝ၂၄ ခုနှစ်တွင် အပြီးတည် ဆောက်ရမည် ဖြစ်သည်။


Bangkok Post

#democracytoday

Rate this item
(0 votes)
back to top