HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အောက်တိုဘာ ဘရာဇီးသမ္မတ ရွေးပွဲ၌ သမ္မတလောင်း ၁၃ ဦး ပါဝင်ယှဉ်ပြိုင်မည်

အောက်တိုဘာ ဘရာဇီးသမ္မတ ရွေးပွဲ၌ သမ္မတလောင်း ၁၃ ဦး ပါဝင်ယှဉ်ပြိုင်မည်

ရီယိုဒီဂျနေရိုး၊ သြဂုတ် ၇ 

ဘရာဇီးနိုင်ငံတွင် လာမည့် အောက်တိုဘာလအတွင်း သမ္မတ ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားပြီး နိုင်ငံ၏ထိပ်တန်းရာထူးနေရာ၌ ပါဝင်ယှဉ်ပြိုင်ရန် ၁၃ ဦးအမည် စာရင်းတင်သွင်းထားသည်ဟု သြဂုတ် ၇ ရက်သတင်းများအရသိရသည်။ ဘရာဇီးနိုင်ငံ၌ထူထောင်ထား သော နိုင်ငံရေးပါတီများမှသမ္မတ လောင်းအဖြစ်အမည်စာရင်းတင်သွင်းထားသူ ၁၃ဦးရှိပြီဖြစ်သည်ဟု ရွေးကောက်ပွဲခုံရုံးကသတင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဘရာဇီးနိုင်ငံရေးလောကတွင်အထင်ရှားဆုံးပါတီဖြစ်သော အလုပ်သမားပါတီမှ သမ္မတဟောင်း လူးဝစ္စအီနာစီယို လူလာဒါဆေးလ်ဗားက သမ္မတလောင်းအဖြစ်ဝင် ရောက် ယှဉ်ပြိုင်ရန်အမည်စာရင်းတင်သွင်းထားသည်။ ၎င်းသည် သမ္မတတာဝန်ထမ်းရွက်စဉ်က အလွဲသုံးစားမှုဖြင့် တရားစွဲဆိုခံရ၍ ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသည်။ သို့သော် ဘရာဇီးဥပဒေအရ ထောင် ကျနေသူများလည်း သမ္မတဝင် ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ The Brazilian Social Democracy Party(PSDB) မှ ဂျယ်ရယ်ဒိုအလစ်မင်က သမ္မတလောင်းတစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


ဘရာဇီးဗဟိုဘဏ်ဥက္ကဋ္ဌ ဟင်နီကွတ်မယ်ရီလီးစ်ကလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ နယူးပါတီမှစီးပွားရေးလုပ်ငန်းရှင် ဖြစ်သူ ဂျိုယိုအမ်မိုဒို၊ မျိုးချစ်ပါတီမှ ဒါစီယိုလိုဆန့်တို့စ်၊ ၁၉၆၈ခုနှစ် ကအုပ်ချုပ်ခဲ့သူ ဘရာဇီးသမ္မတ ဟောင်း ဂျိုယိုဂူလတ်စ်၏သားတစ်ဦးဖြစ်သူ ဂျိုယိုဂူလတ်စ်ဖီလ်ဟိုက Free Nation Party (PPL) မှလည်း ကောင်း၊ ခရစ်ယာန်ဒီမိုကရက်ပါတီ (DC) မှ ဂျိုစ့်မာရီယာအိုင်မေးလ်၊ The Sustainability Network Party မှ မာရီနာဆေးလ်ဗား၊ Alvaro Dias Podemos of Party မှ အယ်ဗာရိုဒီးယာ့စ်၊ ဒီမိုကရက်တစ် လေဘာပါတီမှ စီယိုဂိုမတ်စ်၊  The Unified Workers' Socialist Party (PSTU) မှ ဗီရာလူစီးယားဆာလ် ဂါဒိုနှင့် The Socialism and Freedom Party (PSOL) မှ ဂူဟာ မီဘိုးလို့စ် စသူတို့လည်း သမ္မတ လောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားကြသည်။

Ref;Xinhua

#democracytoday

Rate this item
(0 votes)
back to top