HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ရွှေတန်ချိန် ၂ဝဝ ပါ စစ်သင်္ဘောပျက်ကို ဆယ်ယူမည်ဟု လိမ်လည် ရှယ်ယာခေါ်ယူထားမှု ရဲများ စုံစမ်းစစ်ဆေးနေ

ရွှေတန်ချိန် ၂ဝဝ ပါ စစ်သင်္ဘောပျက်ကို ဆယ်ယူမည်ဟု လိမ်လည် ရှယ်ယာခေါ်ယူထားမှု ရဲများ စုံစမ်းစစ်ဆေးနေ

ဆိုးလ်၊ သြဂုတ် ၇

၂ဝ ရာစုအစောပိုင်းက ၁၉ဝ၅ ခုနှစ် ရုရှား-ဂျပန်စစ်ပွဲအတွင်းက ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် အာလျောင်ကျွန်းအနီး ရေပြင် အောက်သို့ ဝမ် ၁၃ဝ ထရီလီယံတန် ဖိုးရှိရွှေတန်ချိန် ၂ဝဝ နှင့်အတူနစ် မြုပ်သွားခဲ့သော ရုရှားစစ်သင်္ဘော ဒီမီထရီဒွန်စကွိုင်သင်္ဘောပျက်အား ဇူလိုင် ၁၅ ရက်ကရေအောက်မှ ရှာဖွေတွေ့ရှိခဲ့ပြီဟု ကြေညာခဲ့ပြီး ဆိုးလ်မြို့အနောက်ပိုင်းတွင်ဖွင့်လှစ်ထားသော ရှီနေးလ်ဂရုပ် သင်္ဘောပျက်ရှာဖွေရေးကုမ္ပဏီ အားအတုအယောင်သတင်းလိမ်လည်ဖြန့်ချိမှုဖြင့် ဆိုးလ်မြို့ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်သည်ဟု သြဂုတ် ၇ ရက်သတင်းများအရ သိရသည်။

ရဲတပ်ဖွဲ့သည် စုံစမ်းစစ် ဆေးရေးမှူး ၂၇ ဦးအား ကုမ္ပဏီ ရုံးခန်းသို့ စေလွှတ်စစ်ဆေးနေပြီလည်းဖြစ်သည်။ ကုမ္ပဏီသည် ယင်းသင်္ဘောပျက်အား ဆယ်ယူရန်အတွက် ငွေ ကြေးပမာဏများပြားသောကြောင့် အီလက်ထရွန်နစ်ငွေကြေး (cryptocurrency)  ဖြင့် ရှယ်ယာဝယ်ယူ ရန် ကြေညာခဲ့၍ ရဲများကစတင် စုံစမ်းခဲ့ရာမှ အမှုစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ချွိုင်ယန် ဆွတ်အား အမှုအတောအတွင်း ခရီးမထွက်ခွာရန် ရဲများက တား မြစ်ထားသည်။

Ref:Yonhap

#democracytoday

Rate this item
(0 votes)
back to top