HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲ အနိုင်ရမည်ဟုပြောခြင်းမှာ စိတ်ကူးယဉ်မှုသာဖြစ်ကြောင်း တရုတ် ဆို

ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲ အနိုင်ရမည်ဟုပြောခြင်းမှာ စိတ်ကူးယဉ်မှုသာဖြစ်ကြောင်း တရုတ် ဆို

ရှန်ဟိုင်း၊ သြဂုတ် ၇

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်၏ စတော့ရှယ်ယာဈေးကျဆင်းခြင်းမှာ ၎င်း၏ကုန်သွယ်ရေးစစ်ပွဲ အနိုင်ရ၍ဖြစ်ကြောင်း၊ ၎င်း၏လုပ်ဆောင်ချက်မှန်သည်ကို သက်သေပြခြင်းဖြစ်ကြောင်း ပြောကြားလိုက်ခြင်းမှာ ''စိတ်ကူး ယဉ်သက်သက်''မျှသာဖြစ်ကြောင်း တရုတ်သတင်းစာတစ်စောင်က သြ ဂုတ် ၇ ရက်တွင်ဖော်ပြလိုက်သည်။

ဤဝေဖန်ချက်အား တရုတ်အစိုးရပိုင် ချိုင်းနားဒေးလီးနေ့စဉ် သတင်းစာက ရေးသားလိုက်ပြီး အစိုးရပိုင်သတင်းဌာနက မပြတ်ထုတ်လွှင့်ခဲ့သည်။ ဤသတင်းဌာနက ဒေါ်နယ်ထရန့်အပေါ်ရန်လို သောသဘောထားဖြင့် တုံ့ပြန်ခဲ့သည်ဟုဆိုသည်။ ထရန့်မှာ သူ့ကိုယ်သူ သရော်သကဲ့သို့ လုပ်ဆောင်ခဲ့ကြောင်း၊ လမ်းဘေးလူဆိုးပုံစံခင်းကာ လိမ်လည်လှည့်ဖြားပြီး ခြိမ်းခြောက်ငွေ တောင်းသည့်ပုံစံဖြစ်ကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ တရုတ်က အမေရိကန်ကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သွင်းကုန်များအပေါ် ဒေါ်လာဘီလီယံ ၆ဝ ဖိုး အခွန်စည်း ကြပ်ခဲ့သည်။ ထိုပစ္စည်းများမှာ သဘာဝဓာတ်ငွေ့ရည်နှင့် လေယာဉ် များပါဝင်သည်။ ထရန့်က တရုတ်ကုန်များအပေါ် ဒေါ်လာဘီလီယံ ၂ဝဝ ထပ်မံတိုးမြှင့်စည်းကြပ်မည် ဟု ပြောဆိုပြီးနောက် တရုတ်က လက်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။


ထရန့်က ¤င်း၏တွစ်တာတွင် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံခဲ့ ခြင်းမှာထင်သည်ထက်ပို၍ အောင် မြင်သည်ဟု ဖော်ပြပြီးနောက် တရုတ်သတင်းစာက အထက်ပါအတိုင်း ရေးသားလိုက်ခြင်းဖြစ်သည်။ တရုတ်၏ စတော့ဈေးမှာ လွန်ခဲ့သောလေးလမှစ၍ ၂၇ ရာ ခိုင်နှုန်းကျဆင်းခဲ့သည်။ တရုတ် အစိုးရက ကော်ပိုရေးရှင်းချေးငွေများကို လျှော့ချလိုက်၍ဖြစ်သည်။ ဇွန်လတွင် အမေရိကန်ကုန် သွယ်ရေးလိုငွေမှာ ဒေါ်လာသုံးဘီလီယံတိုးကာ ၄၆ ဒသမ ၃ ဘီလီ ယံရှိခဲ့သည်။ လေးလအတွင်း ပထမဆုံးတိုးမြင့်ခဲ့ခြင်းဖြစ်သည်။


အမေရိကန်ဘဏ္ဍာရေးဌာနက ထရန့်၏သွင်းကုန်ခွန်တိုးမြှင့်မှု မှာ အရေးကြီးသောအချိန်သို့ ရောက်နေပြီဟု ပြောခဲ့သည်။ ထရန့်က အမေရိကန်ကုန်သွယ် ရေးလိုငွေပြမှုကို တရုတ်အား အပြစ်ပုံချခဲ့သည်။ ဤသည်မှာ ကုန်သွယ် ရေးမလျှော်သောလုပ်ငန်းဟု ထရန့်ကဆိုသည်။ကုန်သွယ်ခွန်တိုးသော်လည်း တရုတ်ကုန်ပစ္စည်းများ ဇွန်လတွင် အမေရိကန်သို့ ပို၍တင်ပို့ခဲ့ရသည်။

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top