HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကယ်လီဖိုးနီးယား သမိုင်းတွင် အဆိုးရွားဆုံးတောမီး ဆက်လက်လောင်ကျွမ်း၊ မီးလောင်ပြင်မှာ ဆန်ဖရန်စစ္စကိုမြို့တစ်မြို့စာ အကျယ်အဝန်း ရှိနေ

ကယ်လီဖိုးနီးယား သမိုင်းတွင် အဆိုးရွားဆုံးတောမီး ဆက်လက်လောင်ကျွမ်း၊ မီးလောင်ပြင်မှာ ဆန်ဖရန်စစ္စကိုမြို့တစ်မြို့စာ အကျယ်အဝန်း ရှိနေ

ကယ်လီဖိုးနီးယား၊ သြဂုတ် ၈

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်တွင် သမိုင်းကြောင်း တစ်လျှောက်၌ အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုဖြစ်သော ကယ်လီဖိုးနီးယားတောမီးအား ထောင်ပေါင်းများစွာသော မီး သတ်သမားများက ကြိုးစားငြှိမ်းသတ်နေသော်လည်း မီးညွန့် မကျိုးသေးဘဲရှိနေကာ ၁၁ ရက်အတောအတွင်း တောမီး လောင်ကျွမ်းမှုသည် လော့စ်အိန်ဂျလိစ်မြို့ကွက်အရွယ်အစား ခန့်ပင်ရှိနေပြီဖြစ်သည်ဟု အာဏာပိုင်များက သြဂုတ် ၈ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

Upper Lake တွင် စတုရန်းမိုင် ၄၅ဝ (၁၁၆၅ စတုရန်း ကီလိုမီတာ)တွင် နေရာအနှံ့ မီးတောက်များကသာ ဝါးမျို ဖျက်ဆီးနေခဲ့သည်။ ပူပြင်းခြောက်သွေ့သောရာသီဥတုနှင့် စွန့်ပစ်စိုက်ခင်းလောင်စာများကလည်း တောမီးဒေါမာန်အား ကူလောင်ဖြည့်ဆည်းပေးနေသလို ဖြစ်နေရသည်။


မီးသတ်သမားများအနေဖြင့် လောင်ကျွမ်းနေသောမီးအား ငြှိမ်းသတ်ရေးထက် မလောင်ကျွမ်းရသေးသောနေရာများကို မီးမကူးစက်နိုင်ရန်သာ စီစဉ်ဆောင်ရွက်နေရသည်။ ဒေသခံ ပြည်သူများအနေဖြင့် တောမီးအန္တရာယ် သတိပြုနေထိုင်ကြရန် ကယ်လီဖိုးနီးယားမီးသတ်တပ်ဖွဲ့အကြီးအကဲ ဂျွန်မက်ဆီနာက သတင်းထုတ်ပြန်ကြေညာခဲ့သည်။ ကယ်လီဖိုးနီးယား တောမီးကြောင့် လူပေါင်းများစွာ လက် လွတ်ထွက်ပြေးနေကြရသည်။
Ref;AP

#democracytoday

Rate this item
(0 votes)
back to top