HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အာဂျင်တီးနား ဒုတိယ သမ္မတဟောင်း လာဘ်စားမှုဖြင့် ထောင်ငါးနှစ်နှင့် ၁ဝ လ ကျခံရ  

အာဂျင်တီးနား ဒုတိယ သမ္မတဟောင်း လာဘ်စားမှုဖြင့် ထောင်ငါးနှစ်နှင့် ၁ဝ လ ကျခံရ   

ဗျူနို့စ်အေရိစ်၊ သြဂုတ် ၈

အာဂျင်တီးနားနိုင်ငံ ဒုတိယ သမ္မတဟောင်း အာမာဒိုဘိုဒိုအား လာဘ်စားမှု၊ ပြည်သူပိုင်ကဏ္ဍစီးပွားရေး ညှိနှိုင်းပေးမှုများအတွက် ထောင်ဒဏ်ငါးနှစ်နှင့် ၁ဝ လချ မှတ်လိုက်ကြောင်း ဆင်ဟွာသတင်းက သြဂုတ် ၈ ရက်တွင် ဖော်ပြခဲ့သည်။

ဘိုဒိုမှာ သမ္မတခရစ္စတီနာ ဖာနန်ဒက်ဇ်လက်ထက် ၂ဝ၁၁ ခု နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ဒုတိယ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၎င်းအား ပြည်သူ့ရုံးများ၌ အလုပ်လုပ်ခွင့် တစ်သက်လုံးပိတ် ပင်လိုက်ကာ ဒဏ်ငွေအဖြစ် ပီဆို ငွေ ၉ဝဝဝဝ (ဒေါ်လာ ၃၂၁၄) ပေးဆောင်ရန်လည်း ဆုံး ဖြတ်ခဲ့သည်။ ဘိုဒိုအား ပြည် ထောင်စုရာဇဝတ် တရားရုံးက Ciccone Case တွင် အစိုးရကန်ထရိုက်လုပ်ငန်းအား Ciccone  ကုမ္ပဏီကို ပုံနှိပ်ခွင့်ရရန် လုပ်ဆောင်ပေးခဲ့မှုအတွက် စီရင် ချက်ချခဲ့ခြင်းဖြစ်သည်။ ဤပုဂ္ဂလိက ကုမ္ပဏီသည် အစိုးရငွေစက္ကူ များကို ပုံနှိပ်ခွင့်ရခဲ့သည်။ ဤ အမှုမှာ ၂ဝ၁၂ ခုနှစ်ကတည်းက တရားစီရင်ရေးစနစ်ကြောင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

 

ဘိုဒိုက စီရင်ချက်မရချမီ ၎င်းအနေဖြင့် အမှားကျူးလွန်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ တန်ခိုးအာဏာနောက်သို့လိုက်သော နိုင်ငံရေးသမားသည် ပြဿနာမရှိပေ။ အစစ်အမှန်နိုင်ငံ ရေးမလုပ်သော နိုင်ငံရေးသမားမှာ နှိပ်ကွပ်ခံရသည်။ ရှေးဦးစွာ မီဒီယာများက ဝေဖန်မည်။ နောက်ပိုင်း ဥပဒေကို ရင်ဆိုင်ရတတ်သည်ဟု ဘိုဒိုကပြောကြားလိုက်သည်။ ''အကျင့်ပျက်ခြစားမှုကို အ ရေးယူဖို့ တရားရေးအဖွဲ့မှာ လွတ်လပ်မှုရှိပါတယ်''ဟု သူမကပြောသည်။ 

Ref: Daily Mail

#democracytoday

Rate this item
(0 votes)
back to top