တောင်ကိုရီးယား အတိုက်အခံပါတီ ဥက္ကဋ္ဌ ကေဆောင် စက်မှုဇုန်သို့ သွားရောက်မည်

ဆိုးလ်၊ သြဂုတ် ၈
ကိုရီးယားစက်မှုဇုန်ကေဆောင်သို့ တောင်ကိုရီးယားအတိုက်အခံ လူမျိုးစုပါတီဥက္ကဋ္ဌဖြစ်သူ ချွန်ဒွန် ယန်းကသွားရောက်လေ့လာလိုသည်ဟု သြဂုတ် ၈ ရက်က ထုတ် ဖော်ပြောကြားလိုက်သည်။ ၎င်းသည် အတိုက်အခံပါတီဥက္ကဋ္ဌအ ဖြစ် သြဂုတ် ၅ ရက်က ရွေးချယ် ခြင်းခံခဲ့ရခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ၎င်းသည် တောင်ကိုရီးယားပြန်လည် ပေါင်းစည်းရေးဝန်ကြီး ဆိုမြောင်ဂျွန်နှင့် တွေ့ဆုံညှိနှိုင်းနေသည်ဟု လည်း ပါတီလက်ထောက်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းရာထူးနေရာသည် သမ္မတရိုမိုဟွန်းလက်ထက်က ချွန်ထမ်း ဆောင်ခဲ့သော ဝန်ကြီးရာထူးနေရာ ဖြစ်သည်။ ကေဆောင်စက်မှုဇုန်အား ၂ဝဝ၄ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များအရေး ကန့်ကွက်သည့်အနေဖြင့် ၂ဝဝ၆ ခုနှစ်က ယင်းစက်မှုဇုန်အား ပိတ်သိမ်းခဲ့သည်။
¤င်းအတိုက်အခံပါတီဥက္ကဋ္ဌ အ ဖြစ် အရွေးချယ်ခံရခြင်းအတွက် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ခေါ်တွေ့ဂုဏ်ပြုခဲ့ပြီးဖြစ်သည်။ ကေဆောင်သို့ ၎င်းသွား ရောက်မည့်အစီအစဉ်အား သမ္မတမွန်ဂျေးအင်မှ ခွင့်ပြုလိမ့်မည်ဖြစ်သည်ဟုလည်း ၎င်းက မျှော်လင့်ထားသည်။
Ref; Yonhap
#democracytoday
Latest from M Bwe
- စိတ်ဝမ်းကွဲနေသော လူမှုအသိုင်းအဝန်းများ စည်းလုံးညီညွှတ်မှု ရှိကြစေရေး ကီယာနိုက်တလေ ဆော်သြ
- ရထားလက်မှတ် လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်မည့် လက်မှတ်ရောင်းချမှု စနစ်သို့ ပြောင်းလဲဆောင်ရွက်မည်
- သမ္မတထရန့်၏ မီယာမီမိန့် ခွန်းသည် ရန်လိုရိုင်းစိုင်းမှုများ ရှိနေသည်ဟု ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဆို
- ပြင်သစ်နိုင်ငံတွင် လူပေါင်းထောင်သောင်းချီ၍ ဂျူးလူမျိုးရေးဝါဒ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ကန့်ကွက်ဆန္ဒပြ
- အမေရိကန် အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးက ၂ဝ၂ဝ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဟုဆို