HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အပစ်အခတ် ရပ်စဲရန် ဆွေးနွေးနေသော်လည်း ဟားမတ်စ်တို့က ဒုံးပျံဖြင့်ပစ်၊ အစ္စရေးက ဂါဇာကို ဗုံးကြဲ

အပစ်အခတ် ရပ်စဲရန် ဆွေးနွေးနေသော်လည်း ဟားမတ်စ်တို့က ဒုံးပျံဖြင့်ပစ်၊ အစ္စရေးက ဂါဇာကို ဗုံးကြဲ

ဂါဇာ၊ ဂျေရုဆလင်၊ သြဂုတ် ၉ 

ဂါဇာဒေသရှိ စစ်သွေးကြွများက အစ္စရေးနိုင်ငံတွင်းသို့ ဒုံးပျံများ ဖြင့် ပစ်ခတ်ခဲ့ရာ အစ္စရေးစစ်တပ်က လေကြောင်းမှပြန်၍တိုက်ခိုက်ခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးတိုးတက် မှုရှိနေကြောင်း ဆယ်စုနှစ်တစ်စုအတွင်း စတုတ္ထစစ်ပွဲကို ရှောင်လွှဲနိုင်ရန်ဖြစ်ကြောင်း ရိုက်တာသတင်းက သြဂုတ် ၉ ရက်တွင် ဖော်ပြခဲ့သည်။

ပါလက်စတိုင်းအစ္စလာမ္မစ်အုပ်စု၊ ဟားမတ်စ်အထက်တန်းအ ဖွဲ့ဝင်တစ်ဦးကပြောကြားရာတွင် ကုလသမဂ္ဂနှင့် အီဂျစ်တို့ ကြားဝင် စေ့စပ်မှုကြောင့် တင်းမာမှုလျှော့ချ ရေးဆွေးနွေးမှုများမှာ တိုးတက်မှု ရှိနေကြောင်း ပြောကြားခဲ့သည်ဟု အစ္စရေးပါလီမန်အမတ်တစ်ဦးက ပြောကြားလိုက်သည်။ လေးလကြာထိပ်တိုက်ရင်ဆိုင်နေမှုအား ကျော်လွှားနိုင်ရန် အကြံပြုခဲ့ကြောင်း၊ နှစ်ဖက်စလုံး က စစ်ဖြစ်ပွားရန် ခြိမ်းခြောက်လျက်ရှိကြောင်း အဆိုပါအမတ်က ပြောခဲ့သည်။ သြဂုတ် ၈ ရက်က ဟားမတ်စ်တို့က အစ္စရေးအင်ဂျင်နီယာကားကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ အစ္စရေး စစ်တပ်က တင့်ကားအမြောက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပါလက်စတိုင်းတို့က ဒုံးပျံ ၇ဝခန့်ကို အစ္စရေးသို့ပစ်ခတ်ခဲ့ကြောင်း၊ အစ္စရေး လေတပ်က စစ်သွေးကြွပစ်မှတ် တစ်ဒါဇင်ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း ရိုက်တာသတင်းက ဖော် ပြခဲ့သည်။

 

ဒုံးပျံဖြင့်ပစ်၍ အစ္စရေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက်၍ ဟားမတ်စ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ၁၈ လသားအရွယ်ကလေးတစ်ဦးသေဆုံးခဲ့ ကြောင်း ပါလက်စတိုင်းအရာရှိတစ် ဦးက ပြောကြားလိုက်သည်။ အခြားပါလက်စတိုင်းအရပ်သားငါးဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ ယနေ့ပါလက်စတိုင်းတို့၏ ဒုံးပျံများစွာဖြင့်ပစ်ခတ်မှုအပေါ် မိမိအနေဖြင့် စိုးရိမ်မိကြောင်း အရှေ့အလယ်ပိုင်းကုလသမဂ္ဂသံတမန် နစ်ကိုလေမလာဒီနော့ဗ်က ပြောကြားလိုက်သည်။ ကုလသမဂ္ဂက စစ်ပွဲကိုရှောင် နိုင်ရန် အစွမ်းကုန်ကြိုးစားလျက် ရှိကြောင်းလည်း ၎င်းကပြောကြား လိုက်သည်။


ဂါဇာဒေသအား ဟားမတ်စ်တို့ ထိန်းချုပ်ပြီးနောက် အစ္စရေးနှင့် စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့သည်။ နောက်ဆုံးမှာ ၂ဝ၁၄ ခုနှစ်ကဖြစ်သည်။ အီဂျစ်နှင့် အစ္စရေးတို့၏ ပိတ်ဆို့မှု ကြောင့် ဂါဇာဒေသစီးပွားရေးပျက်စီးသွားခဲ့သည်။ ဂါဇာတွင် ပါလက်စတိုင်းနှစ် သန်းခန့်နေထိုင်လျက်ရှိသည်။ အများစုမှာ နိုင်ငံမဲ့များဖြစ်ကြသည်။ မတ် ၃ဝ ရက်မှစ၍ ပါလက်စတိုင်းတို့က အစ္စရေးနယ်စပ်၌ ထိုင်သပိတ်မှောက်ခဲ့ရာ အစ္စရေးစစ်တပ်ကနှိမ်နင်း၍ အကြမ်းဖက်မှုဖြစ်ပွားခဲ့ရသည်။ ပါလက်စတိုင်း ၁၅၈ ဦး သေဆုံးခဲ့သည်။  အပစ်အခတ်ရပ်စဲမှုဖြစ်ပါက အစ္စရေးကျဆုံးစစ်သားအလောင်း နှစ်လောင်းနှင့် အစ္စရေးလူမျိုးနှစ် ဦးကို ဟားမတ်စ်တို့ ပြန်ပေးရန်နှင့် အစ္စရေးက ပါလက်စတိုင်း အကျဉ်းသားများကို ပြန်လွှတ်ပေးရမည်ဟုဆိုသည်။ 

Reuters

#democracytoday

Rate this item
(0 votes)
back to top