HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နာဆာက နေကိုလေ့လာရန် မော်တော်ကား အရွယ်ရှိ အာကာသယာဉ် Parker Solar Rrobeကို လွှတ်တင်မည်

နာဆာက နေကိုလေ့လာရန် မော်တော်ကား အရွယ်ရှိ အာကာသယာဉ် Parker Solar Rrobeကို လွှတ်တင်မည်

ဝါရှင်တန်၊ သြဂုတ် ၉ 

အမေရိကန်ပြည်ထောင်စု နာဆာအာကာသအေဂျင်စီက လူသားတို့လွှတ်တင်သည့် လေ့လာရေးပစ္စည်းများတွင် နေကိုအနီးကပ်ဆုံး လေ့လာမည့် အာကာသယာဉ်တစ်စင်းကိုလွှတ်တင်ရန် စီစဉ်နေ ကြောင်း၊ လျှို့ဝှက်ဆန်းကြယ်သည့် မီးတောက်နေသည့် မျက်နှာပြင်နောက်ကွယ်မှအကြောင်းအရာများကို လေ့လာသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းက သြဂုတ် ၉ ရက်တွင် ဖော်ပြလိုက်သည်။

မော်တော်ကားအရွယ်ရှိ အာကာသယာဉ်ကို Parker Solar Probe ဟုခေါ်ကြောင်း၊ ဤအာကာသယာဉ်အား United Launch Alliance Delta IV Heavy က သယ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နေကိုအနီးကပ်နှင့်အဝေးတို့မှ လေ့လာသွားမည်ဖြစ်ကြောင်း နာဆာက ပြောကြားလိုက်သည်။ သိပ္ပံလေ့လာချက်တစ်ခုမှာ နေ၏လေတိုက်နှုန်းကိုလေ့လာရန် ဖြစ်ကြောင်း၊ ထို့နောက် နေ၏ အဆက်မပြတ်မီးတောက်မီးလျှံထွက် နေမှုကို လေ့လာမည်ဖြစ်ကြောင်း၊ နောက်ထပ်လေ့လာမှုမှာ နေအဝိုင်း အဝန်း၌ အပူချိန်အမြဲမြင့်တက်နေမှုကိုပါ လေ့လာမည်ဖြစ်ကြောင်း နာဆာက ပြောကြားခဲ့သည်။

 

Parker Solar Probe ၏ ဖွဲ့စည်းမှုမှာ နေ၏စွမ်းအားထုတ်မည့်အရာများ၏ လျှင်မြန်စွာလှုပ် ရှားပြောင်းလဲနေမှုကို လေ့လာမည်ဖြစ်သည်။ အဆိုပါနေ၏လှုပ်ရှားနေသည့်အရာများမှ ထုတ်လွှတ်သည့်အလင်းရောင်ထက် တစ်ဆခွဲမြန်ဆန်ကြောင်း၊ အဆိုပါအစိတ်အပိုင်းများမှာ ဂြိုဟ်တု၏အီလက်ထရွန်နစ်စနစ်ကို အနှောင့်အယှက် ပေးကြောင်း၊ အထူးသဖြင့် ဂြိုဟ်တု၏ ကမ္ဘာ့သံလိုက်စက်ကွင်းပြင်ပကို ထိခိုက်စေသည်ဟုဆိုသည်။ ဤအာကာသယာဉ်၏နောက်ဆုံးလုပ်ဆောင်နိုင်ချက်မှာ အပူကိုကာကွယ်သည့်အပူကာပစ္စည်းဖြစ် ကြောင်း နာဆာက ပြောကြားသည်။


အပူကာစနစ်မှာ အာကာသယာဉ်၏အရေးပါသည့် နည်းပညာ ဖြစ်ကြောင်း အာကာသယာဉ်စီမံ ကိန်းမန်နေဂျာအင်ဒီဒရိန်းစ်မန်က ပြောကြားခဲ့သည်။ အပူကာအလွှာကို ကာဘွန်- ကာဘွန်ကွန်ပိုစိုက်အား လေးလက်မခွဲအထူ ကာဘွန်ရေမြှုပ်များကြား၌ ညှပ်ကာပြုလုပ်ထားကြောင်း၊ ထိုအထဲတွင် လေ ၉၇ ရာခိုင်နှုန်း ပါဝင်သည်ဟုဆိုသည်။ နေသို့ရောက်ရန် စွမ်းအင် လောင်စာမှာ အင်္ဂါဂြိုဟ်သို့သွားသည်ထက် ၅၅ ဆပို၍ ကုန်ကျမည်ဖြစ်ပြီး ပလူတိုဂြိုဟ်သို့သွား ခြင်းထက် နှစ်ဆပိုကုန်မည်ဖြစ် ကြောင်း၊ ဂျွန်ဟိုင်ကင်အသုံးချရူပ ဗေဒဓာတ်ခွဲခန်းမှ ဂိုယန်ပင်းက ပြောကြားလိုက်သည်။ ၎င်းမှာ နေသွားအာကာသယာဉ်လမ်းကြောင်း ရေးဆွဲသူဖြစ်သည်။

Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top