HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အပူလှိုင်း ကျရောက်၍ ဆိုးလ်မြို့တွင် ၁၉ ရက်မြောက်အထိ အပူဒဏ် ဆက်လက် ခံစားရ

အပူလှိုင်း ကျရောက်၍ ဆိုးလ်မြို့တွင် ၁၉ ရက်မြောက်အထိ အပူဒဏ် ဆက်လက် ခံစားရ

ဆိုးလ်၊ သြဂုတ် ၉ 

အပူလှိုင်းကျရောက်သဖြင့် ဆိုးလ်မြို့မှာ ၁၉ရက်တိုင်တိုင် ဆက်တိုက်အပူပိုင်းညအဖြစ်နေခဲ့ရကြောင်း၊ ဆိုးလ်မြို့၏ သြဂုတ် ၉ရက် နံနက်အအေးဆုံးအပူချိန်မှာ ၂၇ ဒသမ ၆ဒီဂရီစင်တီဂရိတ်ထိရှိ ကြောင်းယွန်ဟတ်သတင်းက ဖော် ပြလိုက်သည်။ အပူပိုင်းညဟု ဖော်ပြရခြင်းမှာညနေ၆နာရီ၁မိနစ်မှစ၍အပူချိန်မှာ အနိမ့်ဆုံး ၂၅ဒီဂရီစင်တီဂရိတ်နှင့် ထိုထက်ပို၍မြင့်မားနေ၍ ဖြစ်ကြောင်း၊ ညနေ ၆ နာရီ ၁ မိနစ် မှနောက်နေ့ နံနက် ၉ နာရီတိတိ အထိကို ဖော်ပြခြင်းဖြစ်ကြောင်း သတင်းကဆိုသည်။

သြဂုတ်လ ၉ရက်နံနက် ၇ နာ ရီအထိမှတ်တမ်းအရ တစ်ညလုံး အပူချိန်မှာအနိမ့်ဆုံး ၂၆ဒသမ၆ ဒီ ဂရီစင်တီဂရိတ်ဖြစ်ပြီး ၂၆ဒသမ ၈ဒီဂရီစင်တီဂရိတ်မှာ နိုင်ငံအနောက် တောင်ဂွန်ဂျူမြို့၌ဖြစ်ပေါ်ခဲ့သည်။ ဆိုးလ် အနောက်အင်ချွန်းမြို့တွင် ၂၆ ဒသမ ၉ဒီဂရီစင်တီဂရိတ်နှင့် ဆိုးလ်တောင်ပိုင်း ယိုဆုတွင်၂၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ရှိ ကြောင်း ကိုရီးယားမိုးလေဝသ အုပ်ချုပ်မှု ဌာနက ပြောကြားလိုက်သည်။


ဂွန်ဂျူနှင့် ဒေဂျီယွန်တို့မှာ အပူပိုင်းညရက် ၂ဝ ရှိခဲ့ပြီး ယိုဆု မြို့မှာ ၂၂ ရက်အထိညပိုင်းမှာပူ အိုက်ခဲ့သည်ဟုဆိုသည်။ မိုးလေဝသအေဂျင်စီက ဆက်လက်၍အပူလှိုင်းနှင့်ပတ်သက်ပြီး သတိပေးပြောကြားရာတွင် နိုင်ငံအ ရှေ့ဘက်ကမ်းခြေ၌အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိမြင့်မားမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိပြည်သူများသည် အပူပိုင်းညများကြောင့် ထိခိုက်မှုဖြစ်နိုင်ကြောင်း၊ နေ့အပူချိန်များမှာ ညဘက်အထိ မကျဆင်းဘဲ ဆက်လက်ရှိနေလိမ့်မည်ဟု သတိ ပေးဖော်ပြခဲ့သည်။

Ref;Yonhap

#democracytoday

Rate this item
(0 votes)
back to top