HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ယူနန်ပြည်နယ်တွင် ပြင်းအား ၅ ဒသမ ၉ မဂ္ဂနီကျုရှိ ငလျင်လှုပ် အပျက်အစီးများပြား၊ ၂ ဦးဒဏ်ရာရ  

ယူနန်ပြည်နယ်တွင် ပြင်းအား ၅ ဒသမ ၉ မဂ္ဂနီကျုရှိ ငလျင်လှုပ် အပျက်အစီးများပြား၊ ၂ ဦးဒဏ်ရာရ   

တူမင်း၊ စက်တင်ဘာ ၁ဝ

တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်တွင် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ပြင်းအားအဆင့် ၅ ဒသမ ၉ မဂ္ဂနီကျုရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပြီး လူ ၂၈ ဦး ဒဏ်ရာများရရှိသွားခဲ့သည်ဟု ပေကျင်းမိုးလေဝသဌာန၏ စက်တင်ဘာ ၁ဝ ရက်သတင်းထုတ်ပြန်ချက်အရ သိရသည်။

ငလျင်သည် မိုးရှန်းဟာရီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ နံနက် ၁ဝ နာရီ ၃၁ မိနစ်အချိန်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ အိမ်ခြေအဆောက်အအုံ ၂၉ဝဝဝ ကျော်နှင့် ဒေသတွင်းရှိ စာသင်ကျောင်း ၃၄ ကျောင်းတို့အား ထိခိုက်ပျက်စီးခဲ့ရသည်။ သို့သော် လူထိခိုက် သေဆုံးမှုမရှိဟု ဒေသန္တရအာဏာပိုင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။


လမ်းများ၊ တံတားများ၊ ရေနှင့် မိလ္လာသန့်စင်ရေး စက်ရုံတစ်ရုံ၊ ရေပိုက်လိုင်းများနှင့် ရေလှောင်ကန်သုံးခုတို့ ပျက်စီးခဲ့သည်။ ဒေသခံပြည်သူ ၁၅ဝဝ တို့အား သက်ဆိုင်ရာအာဏာပိုင်များက ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ၊ ရွက်ထည်တဲ ၂ဝဝဝ ခန့်၊ အိပ်ရာ ၈ဝဝဝ တို့အား ကူညီထောက်ပံ့ပေးခဲ့ရသည်။ နေအိမ်ပျက်စီးသူများအား ကယ်ဆယ်ရေးစခန်းများ၌ ခေတ္တ နေရာချထားပေးခဲ့ရသည်။

Ref: Xinhua
#democracytoday

Rate this item
(0 votes)
back to top