HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မားစ်ရောဂါကို ကာကွယ်ရန် ဆေးမရှိ၊ ကုသရန်လည်း ဆေး မရှိသေး

မားစ်ရောဂါကို ကာကွယ်ရန် ဆေးမရှိ၊ ကုသရန်လည်း ဆေး မရှိသေး

မားစ်ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် မျက်နှာဖုံးများ တပ်ဆင်ထားစဉ်။

ဆိုးလ်၊ စက်တင်ဘာ ၁ဝ

အရှေ့အလယ်ပိုင်း အသက်ရှူ လမ်းကြောင်းရောဂါ (MERS)ကို လက်ရှိအနေအထားတွင် ကာကွယ်ရန်နှင့် ကုသရန် ဆေးဝါးမရှိသေးကြောင်း၊ ဆေးဝါးလုပ်ငန်းဌာနမှ သက်ဆိုင်သူများက စက်တင်ဘာ ၁ဝ ရက်တွင် ပြောကြားလိုက်ကြောင်း ယွန်ဟတ်သတင်းက ဖော်ပြခဲ့သည်။
သုံးနှစ်အတွင်း ပထမဆုံးရော ဂါဖြစ်ပွားမှုကို စက်တင်ဘာ ၉ ရက်က အတည်ပြုခဲ့သည်။

ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာပုဂ္ဂိုလ်များက ပြောကြားရာတွင် တောင်ကိုရီးယား ဆေးဝါးထုတ်လုပ်ရေး အီလီယန်ဆေးဝါ ထုတ်လုပ်ရေးကုမ္ပဏီနှင့် ဂျိန်းဝမ်းလိုက်ဖ်ဆိုင်းယင့်စ် အေဂျင်စီတို့သည် ရောဂါကာကွယ်ရေး ဆေးဝါးကိုထုတ်လုပ်ရန် ကြိုးစားလျက်ရှိကြကြောင်း၊ ဤကာကွယ်ဆေးရရှိပါက ရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ဤရောဂါမှာ တောင်ကိုရီးယားတွင် ၂ဝ၁၅ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည်ဟု သတင်းကဖော်ပြခဲ့သည်။


၂ဝ၁၅ ခုနှစ်တွင် မားစ်ရာဂါဖြစ်ပွားသူ ၁၈၆ ဦးရှိခဲ့ရာ ၃၈ ဦး သေဆုံးခဲ့ရသည်ဟုဆိုသည်။ ၂ဝ၁၆ တွင် အီလီယန် ဆေးဝါးထုတ်လုပ်ရေးက မားစ်ရောဂါပိုးကို ကုသနိုင်ရန် အစိုးရအထောက်အပံ့ဖြင့် သုတေသနပြုလုပ်ခဲ့သည်။ သို့ရာတွင် ယခုအထိ အဆိုပါသုတေသနလုပ်ငန်းမှာ တိုးတက်မှုမရှိ ဖြစ်နေဆဲဟု ကုမ္ပဏီမှပြောကြားလိုက်သည်။


ဂျိန်းဝမ်းလိုက်ဖ်ဆိုင်းယင့်စ် အေဂျင်စီကမူ လူသားနှင့် ဆေးဝါးကို လက်တွေ့စမ်းသပ်ကာ ကိုယ်ခံအားကို စမ်းသပ်ခဲ့သည်။ မားစ်ရောဂါ ဖြစ်ပွားသူကို ဆေးဝါးကုသမှုပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဤလုပ်ငန်းမှာလည်း မတိုးတက်သေးဘဲ အချိန်ယူ လုပ်သွားရမည်ဟုဆိုသည်။ ပထမဆုံး မားစ်ရောဂါကို ဆော်ဒီအာရေဗီးယား၌ တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ အခြားနိုင်ငံများကို ပျံ့နှံ့ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါဖြစ်သူ ၂၂၂၉ ဦးရှိသည်ဟု ပြောကြားခဲ့သည်။


Ref: Yonhap

#democracytoday

Rate this item
(0 votes)
back to top