HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဂျပန်ဝန်ကြီးချုပ် အာဘေးက အရောင်းခွန် တိုးမြှင့်မှုကို စီမံချက်အတိုင်း လုပ်ဆောင်သွားမည် ဟုဆို

ဂျပန်ဝန်ကြီးချုပ် အာဘေးက အရောင်းခွန် တိုးမြှင့်မှုကို စီမံချက်အတိုင်း လုပ်ဆောင်သွားမည် ဟုဆို

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။

တိုကျို၊ စက်တင်ဘာ ၁ဝ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်းအနေဖြင့် စီမံကိန်းအတိုင်း ရောင်းကုန်ခွန်ကို ၂ဝ၁၉ ခုနှစ် အောက်တိုဘာလတွင် တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁ဝ ရက်က ပြောကြားလိုက်သည်ကို ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

အခြားတစ်ဖက်တွင် အခွန်မြင့်မားမှုကြောင့် စီးပွားရေး ထိခိုက်နေရမှုများကို အကာအကွယ် ပြုလုပ်လျက်ရှိသည်။ မိမိတို့သည် ဘဏ္ဍာရေး ခိုင်မာတောင့်တင်းအောင် လုပ်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် စီမံကိန်းအတိုင်း အရောင်းခွန်ကို တိုးမြှင့်သွားရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ၁ဝ ရာခိုင်နှုန်းအတိုင်း တိုးသွားမည်ဖြစ်ကြောင်း၊ အာဘေးက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်နေရာပြိုင်ပွဲအတွက် မဲဆွယ်ပွဲ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။


အာဘေးက မိမိသည် ၂ဝ၁၄ ခုနှစ်က အရောင်းခွန်တိုးမြှင့်ခဲ့၍ ထိခိုက်ရမှုကို သင်ခန်းစာယူထားကြောင်း၊ ဤလုပ်ရပ်သည် ပုဂ္ဂလိကတစ်ဦးချင်းစီ၏ စားသုံးမှုကို ထိခိုက်စေကြောင်း၊ တာရှည်ခံ ကုန်ပစ္စည်းများအား ဝယ်ယူမှုကို အားပေးရမည်ဖြစ်ရာ မော်တော်ကားနှင့် နေအိမ်ဝယ်ယူမှုများ ပါဝင်ကြောင်း သတင်းက ဖော်ပြလိုက်သည်။ 

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top