HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဝန်ကြီးချုပ်ဟောင်း နာဂျစ်က ရင်းဂစ် ၂ ဒသမ ၆ ဘီလီယံအား ဆော်ဒီဘုရင်ထံမှ ရရှိခဲ့သည့်ဆိုသည့် ဘဏ်စာရင်း အထောက်အထား တင်ပြ

ဝန်ကြီးချုပ်ဟောင်း နာဂျစ်က ရင်းဂစ် ၂ ဒသမ ၆ ဘီလီယံအား  ဆော်ဒီဘုရင်ထံမှ ရရှိခဲ့သည့်ဆိုသည့် ဘဏ်စာရင်း အထောက်အထား တင်ပြ

ဝန်ကြီးချုပ်ဟောင်း နာဂျစ်။

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၁

၎င်း၏ သံသယရှိဖွယ် ရင်းဂစ်ငွေ ၂ ဒသမ ၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆ဝ၇ သန်း)အား ၎င်း၏ပုဂ္ဂလိကဘဏ်စာရင်းသို့ သွင်းခဲ့ခြင်းမှာ ဆော်ဒီဘုရင်ထံမှ အလှူငွေဖြစ်ကြောင်း အထောက်အထားကို ထုတ်ပြန်ခဲ့ကြောင်း CNA သတင်းက စက်တင်ဘာ ၁၁ ရက်တွင် ဖော်ပြလိုက်သည်။

ဤလှူဒါန်းမှုကို ၂ဝ၁၅ ဇူလိုင်လက ဝေါစထရိဂျာနယ်တွင် ဖော်ပြခဲ့သည်။ အဆိုပါသတင်းက စစ်ဆေးရေးမှူးများက စုံစမ်းခဲ့ရာ ထိုငွေများမှာ 1MDB စာရင်းမှ နာဂျစ်၏ ပုဂ္ဂလိကစာရင်းသို့ ရင်း စ် ၂ ဒသမ ၆ ဘီလီယံအား တိုက်ရိုက်လွှဲပြောင်းပေးခဲ့ကြောင်း ဖော် ပြခဲ့သည်။ နာဂျစ်က အမေရိကန်ဒေါ်လာသန်း ၈ဝ အား ဆော်ဒီဘဏ္ဍာ ရေးဝန်ကြီးဌာနက လွှဲပြောင်းပေးခဲ့မှုနှင့်ဒေါ်လာသန်း ၂ဝ ကို မင်းသားဖိုင်ဆယ်တာကီအယ်လ်ဆွတ်ထံမှပေးခဲ့သည့် အထောက်အထားများကို ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြခဲ့သည်။ ထိုအထောက်အထားများနှင့်အတူ ဆော်ဒီမင်းသားအဗ္ဗဒူအဇစ် အယ်လ်ဆော့ဒ်၏စာကိုပါ ပူးတွဲတင်ပြခဲ့သည်။ ထိုစာတွင် ဒေါ်လာသန်း ၁ဝဝ အလှူငွေပေးသည်ကို ဖော်ပြထားခဲ့သည်။


သင်နှင့်ရင်းနှီးမှုခိုင်မြဲလာခဲ့ပြီး သင်သည်ခေတ်သစ်မူဆလင် အတွေးအခေါ်သစ်များ၏ခေါင်း ဆောင်ဖြစ်၍ ကျွန်ုပ်က အမေရိ ကန်ဒေါ်လာသန်း ၁ဝဝ အလှူ ငွေပေးလိုက်ခြင်းဖြစ်သည်ဟု မင်းသားအဗ္ဗဒူအဇစ်၏စာတွင် ဖော် ပြခဲ့သည်။ ဤသို့ပေးကမ်းခြင်းမှာလာဘ်ယူခြင်းမဟုတ်ကြောင်းစာတွင် ဆက်လက်ဖော်ပြခဲ့ပြီး စာမှာ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ရက်စွဲတပ်ထားခဲ့သည်။ နာဂျစ်က ဤအလှူငွေမှာ အာရပ်နွေဦးတော်လှန်ရေးပေါ် ပေါက်လာပြီးနောက် ပေးကမ်းခဲ့ ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။


ကွယ်လွန်သူအဗ္ဗဒူလာဘုရင်က မူဆလင်အစိုးရများတည်ငြိမ်ရန် ရန်ပုံငွေများကို ပေးကမ်းခဲ့သည်။ ဘုရင်ကြီးက မလေးရှားနွေ ဦးတော်လှန်ရေးဖြစ်ပေါ်မည်ကို စိုးရိမ်ခဲ့ကြောင်း နာဂျစ်က ပြောခဲ့သည်။ နာဂျစ်က အလှူငွေအများစုမှာ ဘာရစ်ဆန်အမျိုးသားပါတီအတွက် အသုံးပြုခဲ့ကြောင်း၊ ဤအထဲတွင် ဂျိုဟိုးပြည်နယ် UMNO ပါတီအတွက် ဗင်ကားများဝယ်ယူ ခြင်းလည်းပါဝင်ကြောင်း နာဂျစ်က ပြောခဲ့သည်။

Ref : CNA

#democracytoday

Rate this item
(0 votes)
back to top