HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့ ဟာ့ဂ်ျ ဘုရားဖူးကာလ လူအုပ်ပြို၊ အချင်းချင်းနင်းမိ၍ အီဂျစ်ဘုရားဖူး ၇ဝ သေဆုံး

ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့ ဟာ့ဂ်ျ ဘုရားဖူးကာလ လူအုပ်ပြို၊ အချင်းချင်းနင်းမိ၍ အီဂျစ်ဘုရားဖူး ၇ဝ သေဆုံး

ဆောဒီအာရေဗျနိုင်ငံ မက္ကာမြို့သို့ ဟာ့ဂ်ျဘုရားဖူးများလာရောက်စဉ်။

ကိုင်ရို၊ စက်တင်ဘာ ၁၁

ဆောဒီအာရေဗျနိုင်ငံ မက္ကာမြို့သို့ ဟာ့ဂ်ျဘုရားဖူးသွားရောက်သူ အီဂျစ်ဘုရားဖူး ၇ဝ တို့သည် ဟာ့ဂ်ျခရီးစဉ် ကာလတစ်လျှောက် လူအုပ်လန့်ခြင်းကြောင့်  အချင်းချင်း ပြေးလွှားရင်း နင်းမိကြခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရုတ်တရက် ထိတ်လန့်ကာ နှလုံးရောဂါဖြင့် သေဆုံးခဲ့ရသည်ဟု အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ခါလစ်မီဂါဟက်က ထုတ်ဖော် ပြောဆိုလိုက်သည်ဟု စက်တင်ဘာ ၁၁ ရက် သတင်းများအရသိရှိရသည်။

နှစ်စဉ်ကျင်းပသော ဆော်ဒီအာရေဗီးယားနိုင်ငံ ဟာ့ဂ်ျဘုရားဖူးရာသီသည် ယခုနှစ်အတွက် သြဂုတ်လနောက်ဆုံး ရက်သတ္တပတ်အတွင်းက ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များ အထွဋ်အ မြတ်ထားရှိရာ မက္ကာမြို့သို့သွားရောက်ကာ တမန်တော်မိုဟာမတ် ကိုယ်စား အဝတ်ဖုံးလွှမ်းထားသော ကျောက်တုံးနက်ကြီး၌ ဝတ်ပြုဆု တောင်းလေ့ရှိကြသည်။

 

ယင်းပွဲတော်သို့ နှစ်စဉ်တစ်ကမ္ဘာလုံးမှ အစ္စလာမ်ဝင်များ လာရောက်ဝတ် ပြုဆုတောင်းရာတွင် ယခုနှစ်အတွင်း မက္ကာဘုရားဖူးဦးရေ သိန်းနှင့်ချီ၍ ရှိခဲ့ရသည်။ ဘုရားပွဲကာလနှစ်စဉ်ပင် လူအုပ်အတွင်း မတော်တဆဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး ယခုနှစ်အတွင်း အီဂျစ်ဘုရားဖူးများ မတော်တဆဖြစ်ရပ်သည် ပွဲတော်အတွင်း လူဦးရေအများဆုံး သေဆုံးရသောဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရသည်။

Ref ; Xinhua

#democracytoday

Rate this item
(0 votes)
back to top