HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဆမ်ဆောင်း အီလက်ထရွန်နစ် ဘုတ်အဖွဲ့ ဥက္ကဋ္ဌကို ဖမ်းဝရမ်းထုတ်ရန် တရားရုံးပြင်ဆင်

ဆမ်ဆောင်း အီလက်ထရွန်နစ် ဘုတ်အဖွဲ့ ဥက္ကဋ္ဌကို ဖမ်းဝရမ်းထုတ်ရန် တရားရုံးပြင်ဆင်

ဆမ်ဆောင်းအီလက်ထရွန်နစ်ဘုတ်အဖွဲ့ဥက္ကဋ္ဌ မစ္စတာလီ။

ဆိုးလ်၊ စက်တင်ဘာ ၁၁

ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌအား ဖမ်းဝရမ်းထုတ်ရန် စက်တင်ဘာ ၁၁ ရက်နေ့တွင် ဆိုးလ်မြို့ဗဟိုခရိုင်တရားရုံးက စီစဉ်ခဲ့ကြောင်း၊ ၎င်းမှာ အရောင်းဝန်ဆောင်မှုဌာနမှ အလုပ်သမားသမဂ္ဂတက်ကြွလှုပ်ရှားသူများကို ထိခိုက်အောင်လုပ်ဆောင်ခဲ့မှုဖြင့် စွဲချက်တင်ကာ ဖမ်းဆီးသွားမည်ဟု ဖော် ပြခဲ့သည်။

အစိုးရရှေ့နေများက လွန်ခဲ့သော စက်တင်ဘာ ၇ ရက်က ၎င်းအား အလုပ်သမားနှင့် အလုပ်သမားသမဂ္ဂဥပဒေများကို ချိုးဖောက်မှုဖြင့် ဖမ်းဝရမ်းထုတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အသက် (၆၃) နှစ်ရှိ လီအား ၂ဝ၁၃ ခုနှစ်က ဆမ်ဆောင်းအီ လက်ထရွန်နစ်လုပ်ငန်းဝန်ထမ်းများ၏ အလုပ်သမားသမဂ္ဂအား ဖျက်ဆီးရန် စီမံခဲ့မှုဖြင့် စွပ်စွဲခဲ့သည်။ အလုပ်သမားသမဂ္ဂဖွဲ့စည်းချိန်တွင် ၎င်းမှာ ဆမ်ဆောင်းအုပ်ချုပ်ရေးဌာနခွဲ၏ အကြီးအကဲဖြစ်ခဲ့သည်။


လီက ၎င်းအနေဖြင့် အမှားတစ်စုံတစ်ရာလုပ်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ တရားရုံးသို့လာရောက်ချိန်တွင် လီသည် သတင်းထောက်များ၏မေးခွန်းများကို ဖြေကြားခဲ့ခြင်းမရှိခဲ့ဟုဆိုသည်။ တရားရုံး အင်္ဂါညနေ သို့မဟုတ် အစောပိုင်းတွင် ၎င်းအား ဖမ်းဝရမ်းထုတ်၊ မထုတ်ကိုဆုံးဖြတ်သွားမည်ဟုဆိုသည်။

Yonhap

#democracytoday

Rate this item
(0 votes)
back to top