HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဥရောပနိုင်ငံသားများ အသက်ရှည်ကြသော်လည်း အဝလွန်နေမှုများက အဟန့်အတားဖြစ်နေ  

ဥရောပနိုင်ငံသားများ အသက်ရှည်ကြသော်လည်း အဝလွန်နေမှုများက အဟန့်အတားဖြစ်နေ   

လန်ဒန်၊ စက်တင်ဘာ ၁၂

 

ဥရောပနိုင်ငံများတွင် အဝလွန်မှုများကြောင့် အသက်ရှည်မှုအား အဟန့်အတားဖြစ်နေစေခဲ့ရသည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ စက်တင်ဘာ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သောအစီရင်ခံစာအရ သိရသည်။ အတ္တလန္တိတ်နှင့်ပစိဖိတ်သမုဒ္ဒရာ နှစ်ခုကြားရှိ ဥရောပ ၅၃ နိုင်ငံအား ကျန်းမာရေးသုတေသနပြုကာ အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဥရောပနိုင်ငံသားများသည် ၂ဝ၁ဝ ခုနှစ်က ပျမ်းမျှအသက် ၇၆ ဒသမ ၇ နှစ်ရှိပြီး ၂ဝ၁၅ ခုနှစ်တွင် ၇၇ ဒသမ ၈ နှစ်အထိ ပျမ်းမျှအသက်ရှည်လာခဲ့ကြသည်။ အမျိုးသမီးများသည်မူ ၇၄ ဒသမ ၆ နှစ်မှ ပျမ်းမျှ ၈၁ ဒသမ ၁ နှစ်အထိ ယောက်ျားများထက်ပိုမိုအသက်ရှည်ခဲ့ကြသည်။ နိုင်ငံအလိုက်နှိုင်းယှဉ်ပါက ကာဇက်စတန်နိုင်ငံသည် ပျမ်းမျှ ၆၅ ဒသမ ၇ နှင့် အိုက်စလန်နိုင်ငံက ၈၁ ဒသမ ၄ နှစ်ရှိကြောင်း သုတေသနပြုတွေ့ရှိခဲ့သည် ဟု WHO အဖွဲ့ကြီး၏ ဥရောပတိုက်ဆိုင်ရာ ညွှန်ကြားရေးမှူးဆူဆန်နာဂျာကတ်က ထုတ်ဖော်ပြောဆိုလိုက်သည်။


''လူတို့အသက်ရှည်မှုဟာ နေထိုင်၊ စားသောက်မှုပုံစံပေါ်မူတည်၍ ခြားနားခြင်း ဖြစ်ရသော်လည်း ရှိသင့်သည်ထက် ကိုယ်အလေးချိန်ပိုကာ ဝဖြိုးနေမှုနှင့်လည်း အသက်ရှည်/တိုမှုသက်ဆိုင်နေသည်'' ဟုလည်း ၎င်းကပြောဆိုလိုက်သည်။  ၂ဝ၁၆ ခုနှစ်တွင် အဝလွန် သူ ၂၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ယခင်ခြောက် နှစ်က ၅၈ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့သည်ဟု သုတေသနဇယားများအရ တွေ့ရှိရသည်ဟုလည်း ပြောကြားလိုက်သည်။

Ref:The Bangkok Post

#democracytoday

Rate this item
(0 votes)
back to top