HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းနိုင်ငံသို့ ပထမနှစ်ဝက်အတွင်း တရုတ်ခရီးသည် အများဆုံးလာရောက်ခဲ့

ထိုင်းနိုင်ငံသို့ ပထမနှစ်ဝက်အတွင်း တရုတ်ခရီးသည် အများဆုံးလာရောက်ခဲ့

ဘန်ကောက်၊ စက်တင်ဘာ ၁၃

ယခုနှစ်ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် များလာရောက်မှုတွင် တရုတ်နိုင်ငံ သားအများဆုံးဖြစ်ကြောင်း၊ တရုတ် ခရီးသွားအကယ်ဒမီနှင့် အွန်လိုင်း ခရီးသွားလုပ်ငန်း စစ်တရစ်ပ်တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့ သည်။ ပထမနှစ်ဝက်တွင် တရုတ်ခ ရီးသွား ၇၁ ဒသမ ၃ သန်းတို့သည် မြို့ကြီး ၂ဝဝ ကျော်မှာ နိုင်ငံပေါင်း ၁၃ဝ ကျော်ကို ထွက်ခွာသွားခဲ့ ကြောင်း၊ နှစ်စဉ်ထက် ၁၅ ရာခိုင် နှုန်းတိုးပွားလာခဲ့သည်ဟုဆိုသည်။

တရုတ်ခရီးသွားအကယ်ဒမီ ဥက္ကဋ္ဌ ဒိုင်ဘင်ကပြောကြားရာတွင် အများဆုံးတရုတ်ခရီးသွားများ သွားရောက်ရာဒေသမှာ ထိုင်းနိုင် ငံဖြစ်ကြောင်း၊ ထို့နောက် ဂျပန်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ စင် ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ရုရှား၊ အမေရိကန်နှင့် ကမ္ဘောဒီး ယားနိုင်ငံတို့ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အသစ်ခရီးသွားနေရာများ အဖြစ် ဆားဘီးယား၊ လာအို ဘယ်လ်ဂျီယံ၊ ဆွီဒင်၊ တူရကီ၊ ရု ရှား၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဖင် လန်နိုင်ငံတို့ဖြစ်ကြသည်ဟုဆို သည်။


လူကြိုက်အများဆုံးဒေသများ တွင် ထိုင်းနိုင်ငံမှာ တရုတ်ခရီးသွား အများဆုံး ယခုနှစ်ဝက်တွင်သွား ရောက်ခဲ့ကြောင်း မစ္စတာဒိုင်က ပြောကြားလိုက်သည်။ ထိုင်းခရီးသွားနှင့် အားကစား ဝန်ကြီးဌာနကဖော်ပြသည်မှာ ယခု နှစ်ဝက်တွင် နိုင်ငံခြားခရီးသွား ၁၉ ဒသမ ၄ သန်း လာရောက်ခဲ့ ကြောင်း၊ ယခင်နှစ်ကထက် ၁၂ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ထိုစု စုပေါင်းတွင် တရုတ်ခရီးသည် ၅ ဒသမ ၉ သန်းပါဝင်ကြောင်း ယ ခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်းတိုး တက်လာကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။


ခရီးသွားလာရေးဝန်ကြီး ယ ခုနှစ် တရုတ်သို့ ခရီးသည် ၁ဝ သန်းလာမည်ဟု မျှော်မှန်းထား သော်လည်း ဖူးခက်တွင် ခရီးသွား မော်တော်ယာဉ်မီးလောင်ရာ တရုတ် ခရီးသည် ၄၇ ဦး သေဆုံးခဲ့၍ဖြစ် သည်ဟုဆိုသည်။ ခရီးသွားလာရေးဝန်ကြီး ဝီး ရာဆက်က ဖူးခက်ကျွန်းနှင့် အခြား ခရီးသွားများစိတ်ဝင်စားသည့်နေ ရာများတွင် လုံခြုံမှုကို အဓိထား ဆောင်ရွက်ထားကြောင်း ပြောကြား ခဲ့သည်။ တရုတ်ခရီးသည်များသည် ထိုင်းတွင် ဈေးဝယ်ခြင်းကိုစိတ်ဝင် စားကြောင်း၊ ယခုအခါ ဒေသဆိုင် ရာယဉ်ကျေးမှုကို ပိုမိုစိတ်ဝင်စား လာကြောင်း၊ ထို့အပြင် အခြားစိတ် ဝင်စားမည့်အရာများကို ထိုင်းနိုင်ငံ ၌ ရှာဖွေခဲ့ကြကြောင်း မစ္စတာဒိုင် က ပြောကြားလိုက်သည်။

Ref; Bangkok Post

Rate this item
(0 votes)
back to top