HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် သေနတ်ပစ်ခတ်၍ ငါးဦး သေဆုံး၊ သေနတ်သမား မိမိကိုယ်ကို အဆုံးစီရင်  

ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် သေနတ်ပစ်ခတ်၍ ငါးဦး သေဆုံး၊ သေနတ်သမား မိမိကိုယ်ကို အဆုံးစီရင်   

ဘာကာစ်ဖီးလ်၊ စက်တင်ဘာ ၁၃

သေနတ်သမားတစ်ဦးက ၎င်း၏ဇနီး အပါအဝင် လူငါးဦးကို ပစ် သတ်ခဲ့ကြောင်း၊ ထို့နောက် သူ့ ကိုယ်သူပစ်သတ်လိုက်ကြောင်း။ ကန်းနယ်မြေရဲစခန်းအနီး၌ဖြစ်ပွား ခဲ့ကြောင်း အာဏာပိုင်များ၏ ပြော ကြားချက်ကို AP သတင်းက စက် တင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့ သည်။သေနတ်ပစ်ခတ်မှုမှာ နေအိမ် တစ်ခု၌ဖြစ်ခဲ့ပြီး ဘာကာစ်ဖီးလ် စီးပွားရေးနယ်၌ဖြစ်ကြောင်း၊ လော့စ်အိန်ဂျလိစ်မှ မြောက်ဘက် မိုင် ၉ဝ(၁၄၅ ကီလိုမီတာ)ကွာ ဝေးကြောင်း သတင်းက ဖော်ပြခဲ့ သည်။

ပစ်ခတ်မှုမှာဖြစ်သလို ပစ်ခတ် မှုမဟုတ်ကြောင်း ကန်းနယ်မြေရဲ မှူး ဒွန်နေယန်းဘလတ်က ကီရို ရုပ်သံသို့ ပြောခဲ့သည်။ လူခြောက် ဦးသေဆုံးခဲ့ရကြောင်းလည်း ၎င်းက ပြောခဲ့သည်။ သေနတ်သမားမှာ သူ၏ ဇနီး နှင့်အတူ အလုပ်လုပ်နေခဲ့ကြောင်း၊ ညနေ ၅ နာရီခွဲအချိန်ဖြစ်ကြောင်း၊ ထိုနေရာ၌ပင် လူတစ်ဦးနှင့် စကား များခဲ့ကြောင်း ရဲမှူးက ပြောခဲ့သည်။ အဆိုပါ သေနတ်သမားသည် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတွင် အဆိုပါ လူကို သေနတ်နှင့်ပစ်ခဲ့ ကြောင်း။ ထို့နောက် ၎င်း၏ ဇနီး ကို ပစ်ခဲ့ကြောင်း။ ထို့နောက် အခြား လူများကို လိုက်၍ ပစ်ခတ်ခဲ့ကြောင်း ယွန်ဘလတ်က ပြောခဲ့သည်။


ထို့နောက် သေနတ်သမား သည် နေအိမ်တစ်ခုသို့သွားကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကိုပါ ပစ်ခတ်ခဲ့ကြောင်း ရဲ တပ်ဖွဲ့က ပြောခဲ့သည်။ သေနတ်သမားသည် ကလေး များနှင့် ကားမောင်းသွားနေသည့် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခဲ့ ကြောင်း။ ၎င်းက အမျိုးသမီးနှင့် ကလေးများကို ပြန်လွှတ်ကာ ကား ဖြင့် အဝေးပြေးလမ်းမသို့ မောင်း သွားခဲ့ကြောင်း ရဲကဆိုသည်။


ရဲတပ်သားက ၎င်းကိုတွေ့၍ သေနတ်ဖြင့် ချိန်ထားခဲ့ရာ ¤င်း မှာ သူ၏ ရင်ဘတ်ကို သေနတ် ဖြင့် သတ်ခဲ့ကြောင်း ရဲသားက ပြောကြားလိုက်သည်။ ၎င်းမှာ မည်သူမည်ဝါဆိုသည် ကို မသိရသေးပေ။ သေနတ်သမား ၏ ဇနီးနှင့်ပတ်သက်၍ ဆွေမျိုး များလည်း မတွေ့ဟု ရဲတပ်ဖွဲ့က ဆိုသည်။ မျက်မြင်သက်သေ ၃ဝ ဦးကို စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

Ref;AP

Rate this item
(0 votes)
back to top