HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တရားမဝင် ငါးဖမ်းသင်္ဘော ၆၁ စင်းကို ထိုင်းအစိုးရ ဖျက်ဆီးပစ်တော့မည်  

တရားမဝင် ငါးဖမ်းသင်္ဘော ၆၁ စင်းကို ထိုင်းအစိုးရ ဖျက်ဆီးပစ်တော့မည်   

ဘန်ကောက်၊ စက်တင်ဘာ ၁၃

ထိုင်းအစိုးရက တရားမဝင် ငါးဖမ်းစက်လှေ ၈၆၁ စင်းတို့အား ဒီဇင်ဘာလလယ်တွင် ဖျက်ဆီးပစ် သွားမည်ဖြစ်ကြောင်း၊ ထိုင်းငါးဖမ်း လှေများအဆင့်အတန်းမြင့်မား ရန်ဖြစ်ကြောင်း၊ ဤသည်မှာ အီး ယူအဖွဲ့နှင့်ဆွေးနွေးပွဲမတိုင်မီ ပြုပြင်မှုလုပ်ဆောင်ခြင်းလည်းဖြစ် ကြောင်း ဘန်ကောက်ပို့စ်သတင်း က စက်တင်ဘာ ၁၃ ရက်တွင်ဖော် ပြခဲ့သည်။

ထိုင်းနှင့်ဥရောပသမဂ္ဂ(အီး ယူ)အဖွဲ့တို့ နောက်ထပ်ဆွေးနွေး မှုအဖြစ် တရားမဝင်ငါးဖမ်းဆီးမှု၊ အသိမပေးဘဲ ခိုးဖမ်းမှုနှင့်ဥပဒေ နှင့်မညီညွတ်သော ငါးဖမ်းမှု (IUU) ကိစ္စကို စက်တင်ဘာလထဲတွင် ဆွေးနွေးသွားမည်ဖြစ်သည်။ ဤသို့ငါးဖမ်းလှေများဖျက် ဆီးလိုက်ခြင်းဖြင့် ငါးဖမ်းလှေများ မည်သူ့ပစ္စည်းဖြစ်သည်ကို မှတ်ပုံ တင်လာကြတော့မည်ဖြစ်ကြောင်း၊ ဤငါးဖမ်းလှေများဖြင့် တရားမဝင် ငါးဖမ်းဆီးခြင်းကို မလုပ်နိုင်တော့ ကြောင်း၊ သယ်ယူပို့ဆောင်ရေးဝန် ကြီးဌာနငါးလုပ်ငန်းဌာနညွှန်ကြား ရေးမှူးချုပ် ချီရုတေဗီဆာလာချီ ထရာကပြောကြားလိုက်သည်။


ဤဖျက်ဆီးမှုမှာ ထိုင်းနိုင်ငံ အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး အရေအတွက် ကိုအတိအကျဖော် ပြခဲ့သည်။ ငါးလုပ်ငန်းဌာနကအ ချက်အလက်များကို လေးလတာစု ဆောင်းခဲ့ရသည်။ သြဂုတ် ၁၆ ရက် စာရင်းအရ တရားဝင်ငါးဖမ်းလှေ ၁ဝ၇၄၃ စင်းရှိသည်ဟုဆိုသည်။ တစ်နည်းဆိုပါက အဆိုပါငါးဖမ်း လှေများမှာ စနစ်တကျမှတ်ပုံတင် ထားသောလှေများဖြစ်ကြသည်။ လှေပေါင်း ၆၃၁၅ စင်းမှာ ယခုအ ထိမှတ်ပုံမတင်ရသေးဟုဆိုသည်။ ယခင်က မိမိဆန္ဒအရ မှတ် ပုံတင်လုပ်ရပေရာ ငါးဖမ်းလှေစာ ရင်းအတိအကျရရှိရန်ခဲယဉ်းခဲ့ သည်ဟု မစ္စတာချီရုတေကဆို သည်။


ငါးလုပ်ငန်းဌာနက ဆမုဆဂွန် ပြည်နယ်တွင်ငါးဖမ်းလှေကိုးစင်း ကို စက်တင်ဘာ ၁၂ ရက်က ဖျက် ဆီးခဲ့သည်။ ယနေ့စက်တင်ဘာ ၁၃ ရက်တွင် ရနောင်းပြည်နယ် ၌ ငါးဖမ်းလှေခြောက်စင်းကို ဖျက်ဆီးသွားမည်ဖြစ်သည်။ ထို့နောက် ပက်ချာဘူရီပြည် နယ်တွင် လေးစင်း၊ ကာဘီတွင်ခုနစ် စင်းနှင့်ပရာချပ်ကီရီခန်ပြည်နယ် တွင် တစ်စင်းတို့ကို ယခုလကုန်၌ ဖျက်ဆီးသွားမည်ဟုဆိုသည်။


ငါးဖမ်းလှေ ၈၆၁ စင်းလုံးကို ရက်ပေါင်း ၉ဝ အတွင်းဖျက်ဆီး သွားမည်ဖြစ်ကြောင်း ဒုတိယဝန် ကြီးချုပ်ဗိုလ်ချုပ်ကြီးချတ်ချိုင်းဆာ ရီကူလ်ယာကပြောကြားလိုက် သည်။ ထိုင်းငါးလုပ်ငန်းစည်းကမ်း လျော့နည်းသဖြင့် အီးယူအဖွဲ့က ထိုင်းကိုအဝါရောင်အဆင့်သတ် မှတ်ကာ ရေထွက်ပစ္စည်းဝယ်ယူ မှု ကန့်သတ်ထားခဲ့သည်။ ထိုင်း အစိုးရက ဤသတ်မှတ်ချက်ပယ် ဖျက်နိုင်ရန် ကြိုးစားလျက်ရှိသည်။

Ref : Bangkok Post

Rate this item
(0 votes)
back to top