HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ဆောင်းဦးရာသီ နှစ်လယ်ရိုးရာပွဲတော် ကျင်းပ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ဆောင်းဦးရာသီ နှစ်လယ်ရိုးရာပွဲတော် ကျင်းပ

ဟနွိုင်း၊ စက်တင်ဘာ ၁၈

ဗီယက်နမ် နိုင်ငံတွင် ဆောင်းဦးရာသီနှစ်လယ် ရိုးရာပွဲတော် ကျင်းပချိန်ဖြစ်၍ ဟနွိုင်းမြို့လမ်းများပေါ်တွင် မျက်စိ ပသာဒဖြစ်စေရန် ဆေးရောင်စုံ များ ခြယ်သထားသော ကားများ၊ လူများ၊ ရိုးရာအကအခုန်များဖြင့် စည်ကားလျက်ရှိပြီး ဗီယက်နမ် လူမျိုးများသာမက နိုင်ငံခြားသား များလည်း ပျော်ရွှင်စွာ ကခုန်လှည့် လည်နေကြသည်ဟု မြူနီစီပယ် အရာရှိများက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက် သည်။

ဗီယက်နမ်နိုင်ငံ၏ ပုံရိပ် Hoan Kiem  ရေကန်ကြီးတွင် လည်း ထောင်နှင့်ချီသော မီးပုံး ရောင်စုံများ၊ ကြယ်မီးပုံးများ ရောင် စုံထွန်းညှိကာ ရိုးရာအကအခုန် များဖြင့် စည်ကားပျော်ရွှင်စွာမြူး ရွှင်ကခုန်နေကြသည်ကို တွေ့ရှိရ သည်။ ပြည်တွင်းအဆိုတော်များ၊ မင်းသား မင်းသမီးများကလည်း ပွဲတော်သီချင်းများ၊ အခြားသီချင်း များဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ဆောင်းဦးရာသီနှစ်လယ်ပွဲ တော်သည် တရုတ်ပြက္ခဒိန်အရ သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၄ ရက်ထိ ကျရောက်သောပွဲ တော်ရက်များဖြစ်ကြသည်။ ပွဲတော် ကို ညပိုင်းအချိန်များတွင် မီးရောင် စုံဖြင့် ကျင်းပလေ့ရှိသည်။

Ref ; Xinhua

#democracytoday

Rate this item
(0 votes)
back to top