HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဥရောပနိုင်ငံများသို့ လူမှောင်ခိုကုန်ကူးသော ဂိုဏ်းများ စပိန်နိုင်ငံကို ကြားခံနယ်အဖြစ် အသုံးပြုနေ

ဥရောပနိုင်ငံများသို့ လူမှောင်ခိုကုန်ကူးသော ဂိုဏ်းများ စပိန်နိုင်ငံကို ကြားခံနယ်အဖြစ် အသုံးပြုနေ

မက်ဒရစ်၊ စက်တင်ဘာ ၁၈

မြေထဲပင်လယ် ဂျီလ်ဘရောတာရေလက်ကြားတွင်ရှိသော မြောက်အာဖရိက နိုင်ငံ၊ ဂါနာနိုင်ငံ၊ Ceute  မြို့ကလေးနှင့် စပိန်နိုင်ငံတို့အကြား သံဆန်ကာကွက်၊ သံဆူးကြိုးများကာရံတော့မည်ဖြစ်သည်ဟု ဂါနာနိုင်ငံခြားရေးရုံးက သတင်းထုတ် ပြန်ကြေညာလိုက်သည်။ ယင်းသည် အဓိကအားဖြင့် လူမှောင်ခိုကုန်ကူးသူများဘေးရန်မှ ကာကွယ် ရန်ဖြစ်သည်ဟုဆိုသော်လည်း နယ်စပ်ထိစပ်မှု ကီလိုမီတာထောင်ချီရှည်လျားနေ ၍မလွယ်ဟု ဂါနာနှင့်စပိန်နိုင်ငံတို့အကြား ယင်းလမ်းကြောင်းအဆုံး သွားလာသူ အူစမန်အူမာ စက်တင်ဘာ ၁၈ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

''ယင်းနယ်စပ်နေရာများသည် လူဆိုးနှင့်မူးယစ်ဆေးဂိုဏ်းများကြီးစိုးထားရာ နယ်မြေဖြစ်ပြီး ဆာဟာရသဲကန္တာရတစ်ပိုင်းနယ်မြေဖြစ်ကာ ဒေသခံများသည်လည်း ရိုင်း စိုင်းကာ ရန်မူလွယ်သော ပုဂ္ဂိုလ် များ ဖြစ်နေကြသည်''ဟုလည်း ၎င်းက ပြောဆိုလိုက်သည်။ ယင်း လမ်းကြောင်းကို အသုံးပြုသူများ သည် မိမိတို့နေရင်း ဒေသထက် ပိုမိုနေထိုင်ရန်ကောင်းပြီး အလုပ် အကိုင်ရနိုင်သော ဥရောပနှင့် ဥ ရောပသမဂ္ဂဝင်နိုင်ငံများသို့ သွား ရောက်ရန် လူမှောင်ခိုဂိုဏ်းများ အား ငွေကြေးပေးကာပို့ဆောင် ခိုင်းတတ်ကြသည်။ ယင်းသို့ပို့ဆောင်ခိုင်းသော လူမှောင်ခိုပွဲစားများသည် ၂ဝ၁၅ ခုနှစ်အတွင်းက ရာခိုင်နှုန်း ၉ဝအောင်မြင်အောင် ဆောင်ရွက် ပေးနိုင်သည်ဟုလည်း သိရသည်။ စပိန်နိုင်ငံသည် ဥရောပ၊ အီ တလီနှင့် ဂရိနိုင်ငံများသို့ သွား ရောက်ရန် ကြားခံနယ်မြေဖြစ်နေ သည် မော်ရိုကိုနိုင်ငံ၌ တစ်ထောက် နားလေ့ရှိကြသည်။


''ဒီလမ်းကြောင်းက လွယ် ကူမြန်ဆန်တယ်။ ငွေများများ ပေးနိုင်မယ်။ အဲဒီနိုင်ငံတွေဆီ ချောချောမောမော ရောက်ရှိနိုင် ပြီ မစို့မပို့ငွေလေးနည်းနည်းနဲ့ဆို အဲ့ဒီလို အခွင့်အရေးကောင်းတဲ့ နိုင်ငံတွေကို ရောက်ရင်လည်း ရောက်မယ်။ မရောက်ရင်လည်း မရောက်ဘူး။ အဆင့်မသင့်ရင် အ သတ်ခံရပြီး သဲကန္တာရထဲပစ်ထား ခြင်းခံရပြီး ခွေးအတွေဆွဲ၊ လင်းတ တွေအစာ ဖြစ်သွားနိုင်တယ်'' ဟု လည်း ဆက်လက်ပြောကြားလိုက် သည်။ ပို့ဆောင်ပေးခမှာ လူတစ် ဦးလျှင် နယ်စပ်ဖြတ်ကျော်ခမှာ ၁၈ ယူရို (အမေရိကန်ဒေါ်လာ ၂၁ ဖြစ်သည်) လှေဖြင့်ကူးခတ်မည် ဆိုပါက ဟာရိုဒေါ်လာ ၂ဝဝမှ ၇ဝဝ ကြားပေးဆောင်ရမည်ဖြစ် သည်။ စပိန်ရဲတပ်ဖွဲ့သည် ဟာမန် နယ်က လူမှောင်ခိုဂိုဏ်း ၂၅ ခုကို တိုက်ခိုက်ရှင်းလင်းခဲ့သော်လည်း နောက်ထပ်ဂိုဏ်းပေါင်းများစွာက ယင်းလုပ်ငန်းကိုဆက်လက်လုပ် ကိုင်နေကြသောကြောင့် အမြစ် ဖြတ်ချေမှုန်းနိုင်ခြင်း မရှိခဲ့သေး ပေ။

Ref ; AFP

#democracytoday

Rate this item
(0 votes)
back to top