HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မြောက်ကိုရီးယားက နျူကလီးယားလက်နက် အလျင်ဖျက်သိမ်းရမည်ဟု အမေရိကန် ဆို  

မြောက်ကိုရီးယားက နျူကလီးယားလက်နက် အလျင်ဖျက်သိမ်းရမည်ဟု အမေရိကန် ဆို   

ဝါရှင်တန်၊ စက်တင်ဘာ ၂၁

အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာနက နျူကလီးယားဖျက် သိမ်းရေးတွင် မြောက်ကိုရီးယား၏ နျူကလီးယားများကို အလျင်ပယ် ဖျက်ရမည်ဖြစ်ကြောင်း၊ အပြန်အလှန်အားဖြင့်တူညီသော မည်သည့်အရာကိုမှ အမေရိကန်ဘက်မှ လုပ်မည်မဟုတ်ကြောင်း ပြောကြားချက်အား ဆင်ဟွာသတင်းက စက်တင်ဘာ ၂၁ ရက်တွင် ဖော်ပြလိုက်သည်။

ကိုရီးယားနှစ်နိုင်ငံထိပ်သီး ဆွေးနွေးပြီးနောက် မြောက်ကိုရီးယားက ၎င်း၏နျူကလီးယားစမ်း သပ်နယ်မြေဖျက်သိမ်းမှုနှင့် တူညီ သောပမာဏကို အမေရိကန်ဘက် မှ လုပ်ဆောင်ပေးရမည်ဟု ပြောခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ဟီသာနူရတ်က သတင်းစာအကျဉ်း ရှင်းလင်းပွဲ၌ ပြောကြားရာတွင် နျူကလီးယားဖျက်သိမ်းမှုမရှိခဲ့ပါက ဘာမှလုပ်စရာမရှိကြောင်း၊ နျူကလီးယားဖျက်သိမ်းရေးကို ပထမဦးစွာလုပ်ဆောင်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာ ၁၈-၂ဝ ရက် တွင် ပြုံယမ်းသို့အလည်သွားသည့် တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအန်တို့ဆွေးနွေးခဲ့ ကြသည်။ ယခုနှစ် တောင်-မြောက်ကိုရီးယား တတိယအကြိမ် ဆွေး နွေးခြင်းဖြစ်သည်။


ခေါင်းဆောင်နှစ်ဦးသည် ပြုံယမ်းကြေညာချက်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖျက်သိမ်းရေးနှင့် ကိုရီးယားနယ်စပ်များ၌ ရန်လိုသည့်အပြုအမူများကို အဆုံးသတ်ရန် ပါဝင်ခဲ့သည်။ နူရတ်က နျူကလီးယား ဖျက်သိမ်းရေး တစ်နည်းနည်း နဲ့ဖြစ်လာမှာပါဟု ပြောကြားခဲ့သည်။ အမေရိကန်အစိုးရက မြောက်ကိုရီးယားအစိုးရနှင့် ဆွေး နွေးရန်အဆင်သင့်ရှိကြောင်းပြောခဲ့သည်။


မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေးတွင် အမေရိကန်နှင့် နိုင်ငံတကာအဏုမြူအေဂျင်စီတို့က စစ်ဆေးသွားရမည်ဟု သူမကပြောခဲ့သည်။ ဤကိစ္စကို ကိုရီးယားနှစ်နိုင်ငံလက်မှတ်ရေး ထိုးမထားသော်လည်း အလိုလိုသိ ရမည်ဟု သူမကဆိုသည်။ ဤကိစ္စ တွင် IAEA  က ပါဝင်ရမည်မှာ သေချာကြောင်း ထပ်မံပြောခဲ့သည်။ နျူကလီးယားပယ်ဖျက်ရန် ပိတ်ဆို့ အရေးယူမှု ဆက်လက်လုပ်သွား ရမည်ဟု နူရတ်ကဆိုသည်။ ကင်က ထရန့်နှင့် ဒုတိယအကြိမ်တွေ့ရန် ထပ်ကာထပ်ကာ ပြောခဲ့သည်ဟု မွန်ကပြောလိုက်သည်။ အမေရိကန်-မြောက်ကိုရီး ယားထိပ်သီးဆွေးနွေးပွဲ အမြန်လုပ် ဖြစ်လိမ့်မည်ဟု မိမိထင်ကြောင်း မွန်ကပြောခဲ့သည်။

Xinhua

#democracytoday

Rate this item
(0 votes)
back to top