HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကိုရီးယားစစ်ပွဲ ပြီးဆုံးကြောင်း ကြေညာချက်ဖြန့်၊ နျူကလီးယား ဖျက်သိမ်းရေးအတွက် ဈေးဆစ်၍ မရနိုင်ကြောင်း မြောက်ကိုရီးယားပြော

ကိုရီးယားစစ်ပွဲ ပြီးဆုံးကြောင်း ကြေညာချက်ဖြန့်၊ နျူကလီးယား ဖျက်သိမ်းရေးအတွက် ဈေးဆစ်၍ မရနိုင်ကြောင်း မြောက်ကိုရီးယားပြော

ဆိုးလ်၊ အောက်တိုဘာ ၂

၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲ ပြီးဆုံးကြောင်း ကြေညာခဲ့လျှင်လည်း ထိုအရာမှာ မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေးအတွက် ဈေးဆစ်ရန်အကြောင်း မဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားက အောက်တိုဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။ အမေရိကန်က စစ်ပြီးဆုံးကြောင်းမလိုလားပါက မြောက်ကိုရီးယားကလည်း ဤကိစ္စအတွက် အထူးတလည်မျှော်လင့်နေလိမ့်မည်မဟုတ် ကြောင်း KCNA သတင်းကပြောကြားလိုက်သည်။

လွန်ခဲ့သောလက ပြုံယမ်းမြို့၌ တောင်ကိုရီးယားသမ္မတမွန် ဂျေးအင်နှင့် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် မြောက်ကိုရီးယားခေါင်းဆောင်မွန်ဂျေးအင်က ၎င်းအနေဖြင့် နျူကလီးယားလက်နက်အားလုံးဖျက်သိမ်းရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်က သင့်လျော်သည့်တုံ့ပြန်မှုရှိပါက ယောင်ဗြွန်နူကလီးယား စမ်းသပ်နေရာကို ဖျက်သိမ်းသွားမည်ဟု ကင်ကပြောခဲ့သည်။ မွန်က ဤလုပ်ရပ်တွင် စစ်ပွဲပြီးဆုံးကြောင်း ကြေညာချက်လည်းပါသင့်ကြောင်း ပြောကြားခဲ့သည်။


KCNA  သတင်းက ရာစုနှစ် ဝက်ကျော်ကြာနေပြီဖြစ်သည့် စစ်ပွဲကို ပြီးဆုံးကြောင်းကြေညာသင့် ကြောင်း အောက်တိုဘာ ၂ ရက်က ပြောခဲ့သည်။ ဤကြေညာချက်မှာ အမေရိကန်-မြောက်ကိုရီးယားဆက်ဆံရေးနှင့် ငြိမ်းချမ်း ရေးအတွက် အခြေခံအကျဆုံးနှင့် အခြေခံဖြစ်စဉ်ဟု ပြောနိုင် ကြောင်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး အမေရိကန်ကလည်း အာမခံထားကြောင်း KCNA က ပြောခဲ့သည်။ ဇွန်လက ကင်နှင့်ထရန့်ထိပ်သီးတွေ့ဆုံစဉ် ကျယ်ပြန့်သောအချက်အလက်များကို ကတိပြုခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်၌ နောက် ဆုံးတည်ငြိမ်အေးချမ်းသော အစိုးရကို ထူထောင်ရန်သဘောတူခဲ့ ကြသည်။


သို့ရာတွင် အမေရိကန်က မြောက်ကိုရီးယား နျူကလီးယားကို ပြန်ပြင်၍မရအောင် ကနဦးဖျက်ဆီးစေလိုသည်။ အမေရိကန်သည် မြောက်ကိုရီးယားအပေါ် အရေးယူမှုအသစ်များ ချမှတ်စေလျက်ရှိသည်။ အမေရိကန်ဘက်မှ သင့်တော်သောတုံ့ပြန်မှုရှိမှ မြောက်ကိုရီးယားက ယောင်ဗြွန်နူကလီးယားစမ်းသပ်ရေးဌာနကို ဖျက်သိမ်းသွားမည်ဟုဆိုသည်။

Reuters

#democracytoday 

 

Rate this item
(0 votes)
back to top