HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ငလျင်နှင့် ဆူနာမီဘေးဒဏ်ထိ ဆူလာဝေဆီဒေသ လောင်စာဆီ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

ငလျင်နှင့် ဆူနာမီဘေးဒဏ်ထိ ဆူလာဝေဆီဒေသ လောင်စာဆီ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

ပါလု

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝေဆီဒေသတွင် မြေငလျင်နှင့် ဆူနာမီဘေးဒဏ် ထိခိုက်ခံစားရပြီးနောက် လောင်စာဆီပြတ်လပ်မှုနှင့် အကြီးအကျယ်ရင်ဆိုင်နေရကြောင်း သိရသည်။

စက်တင်ဘာ၂၈ ရက်က ဖြစ်ပွားခဲ့သည့် မြေငလျင်နှင့် ဆူနာမီသဘာဝဘေးဥပဒ်ကြောင့် လူပေါင်း ၁၃ဝဝ နီးပါး သေဆုံး၍ ၆ဝဝဝဝ ခန့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။မြေငလျင်နှင့် ဆူနာမီဘေးဒဏ်ကြောင့် လမ်းများပျက်စီးခဲ့ရသည့်အတွက် ကပ်ဘေးဒုက္ခသည် များအတွက် လိုအပ်သော အစားအစာနှင့် သောက်သုံးရေပေးဝေရန် များစွာအခက်တွေ့ခဲ့ ကြရသည်။


အဆိုးဆုံးမှာ လောင်စာဆီပြတ်လပ်မှုဖြစ်ပြီး လောင်စာဆီပြတ်လပ်မှုကြောင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိခိုက်စေခဲ့ရသည်။ အဆောက်အအုံအပျက်အစီးပုံများ အောက်တွင် ပိတ်မိနေဆဲရှိသည့်လူများကို ကယ်တင်ရန်မှာ ကြီးမားသော ယန္တရားကြီးများ အကူအညီဖြင့် လုပ်ဆောင်မှ ရရှိနိုင်မည်ဖြစ်သော်လည်း ဓာတ်ဆီပြတ်လပ်မှုကြောင့် စက်ယန္တရားများကို လည်ပတ်နိုင်ခြင်းမရှိဖြစ်နေသကဲ့သို့ ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ သွားရောက်ပို့ဆောင်ရေးတွင်လည်း အခက်တွေ့လျက်ရှိကြောင်းသိရသည်။

Ref: NHK

#theyangontimes

Rate this item
(0 votes)
back to top