HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန်တွင် လက်ကျန် ရေနံ များနေခြင်းနှင့် ဆော်ဒီနှင့် ရုရှားတို့ ရေနံတိုးထုတ်ရန် သဘောတူခဲ့ ခြင်းကြောင့် ကမ္ဘာ့ရေနံဈေး ကျဆင်း

အမေရိကန်တွင် လက်ကျန် ရေနံ များနေခြင်းနှင့် ဆော်ဒီနှင့် ရုရှားတို့ ရေနံတိုးထုတ်ရန် သဘောတူခဲ့ ခြင်းကြောင့် ကမ္ဘာ့ရေနံဈေး ကျဆင်း

စင်ကာပူ၊ အောက်တိုဘာ ၎

ကမ္ဘာ့ရေနံဈေးမှာ လေးနှစ်ဆက်တိုက်မြင့်နေရာမှ အောက်တိုဘာ ၄ ရက်တွင်ကျဆင်းခဲ့ကြောင်း၊ အမေရိကန်၏ရေနံလက်ကျန်များ နေခြင်းနှင့်ရုရှားနှင့်ဆော်ဒီအာရေဗီးယားတို့က ထုတ်လုပ်မှုတိုးရန် ပုဂ္ဂလိကချင်းသဘောတူခဲ့ကြ၍ ဖြစ်ကြောင်း ရိုက်တာသတင်းက အောက်တိုဘာ ၄ ရက်တွင် ဖော် ပြလိုက်သည်။

ဘရင့်ရေနံစိမ်းကြိုတင်ရောင်း LCocl  တစ်စည်ရောင်းဈေးမှာ ၈၅ ဒသမ ၈၅ ဒေါ်လာဈေးပေါက် ခဲ့ရာ ၄၄ ဆင့်ဈေးကျခဲ့သည်။ တစ်နည်း သုည ဒသမ ၅ ရာခိုင် နှုန်းမှာ ဈေးပိတ်ချိန်ကထက် ကျဆင်းခဲ့သည်ဟုဆိုသည်။ ဗုဒ္ဓဟူးနေ့က ဘရင်းရေနံ ဈေးမှာ လေးနှစ်တွင်း အမြင့်ဆုံး ၈၆ ဒသမ ၇၄ ဒေါ်လာဈေးပေါက်ခဲ့သည်။ အမေရိကန်တက္ကဆပ်အလတ်စားရေနံတစ်စည်လျှင် ကြို တင်ဝယ်ဈေးမှာဆင့် ၃ဝ ဈေးကျ ဆင်းခဲ့ကာ ၇၆ ဒသမ ၁၁ ဒေါ် လာပေါက်ခဲ့သည်။ စင်ကာပူအာရှ-ပစိဖိတ်ရေ နံရောင်းဝယ်ရေးဌာနမှ စတီဖင်အင်နီးစ်က အမေရိကန်၏ရေနံ လက်ကျန်များနေ၍ ရေနံဈေးကျ ဆင်းလိမ့်မည်ဟု ပြောကြားလိုက်သည်။


ယခင်အပတ်တွင် အမေရိကန်၏ရေနံလက်ကျန်မှာ စည် ပေါင်းရှစ်သန်းနီးပါးတိုးခဲ့ကာ ရေနံစည် ၄ဝ၄ သန်းရှိနေကြောင်း၊ ၂ဝ၁၇ မတ်လမှစ၍ အများဆုံး တိုးပွားလာခြင်းဖြစ်ကြောင်း၊ စွမ်းအင်သတင်းစီမံခန့်ခွဲရေးအဖွဲ့၏ စာရင်းက အောက်တိုဘာ ၃ ရက် စာရင်းက ဖော်ပြခဲ့သည်။ အခြားအကြောင်းမှာ ဆော်ဒီအာရေဗီးယားနှင့်ရုရှားတို့က ရေနံတိုးထုတ်ရန် သဘောတူခဲ့ ကြောင်းလည်း ရေနံဈေးကျဆင်း ခြင်းဖြစ်ကြောင်း အင်နီးစ်ကပြောခဲ့သည်။


ရေနံဈေးအေးနေ၍ ရုရှားနှင့်ဆော်ဒီတို့ ရေနံတိုးထုတ်၍ရန် စက်တင်ဘာလက သဘောတူခဲ့ကြသည်။ အီရန်ရေနံပိတ်ဆို့မှုကို နို ဝင်ဘာ ၄ ရက်တွင် စမည်ဖြစ်ရာ ဈေးကွက်တွင် တစ်နေ့လျှင် ရေနံ ၁ ဒသမ ၅ သန်းလျှော့သွားမည်။ ဤသည်ကို ကာမိစေရန် အီရန်ရု ရှားနှင့် ဆော်ဒီတို့ ယခုကတည်းက ကြိုတင်တိုးထုတ်နေကြသည်ဟု ခန့်မှန်းရသည်။ 

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top