HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ် လာဘ်စားမှုဖြင့် ထောင် ၁၅ နှစ်ကျ

တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ် လာဘ်စားမှုဖြင့် ထောင် ၁၅ နှစ်ကျ

ဆိုးလ်၊ အောက်တိုဘာ ၅

တောင်ကိုရီးယားသမ္မတ ဟောင်းလီမြောင်ဘတ်အား အောက်တိုဘာ ၅ ရက်တွင် တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။ ၎င်းအား လာဘ်စားမှု၊ ငွေကြေးအလွဲသုံးစားလုပ်မှု ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ ဆိုးလ်ဗဟိုခရိုင် တရားရုံးက ၎င်းအား အပြစ်ပေးခဲ့သည်။ ၎င်းမှာ တောင်ကိုရီးယားသမ္မတအ ဖြစ် ၂ဝဝ၈ ခုနှစ်မှစ၍ ငါးနှစ်တာ ဝန်ထမ်းခဲ့သည်။ ထောင်ဒဏ် ၁၅ နှစ်အပြင် ၎င်းအား ဝမ်ငွေ ၁၃ ဘီလီယံ (ဒေါ်လာ ၁၁ ဒသမ ၅ သန်း) ဒဏ်ငွေပါတပ်လိုက်သည်။


အသက် (၇၆) နှစ်ရှိ လီက တရားခွင်သို့လာရန် ငြင်းပယ်ခဲ့ သော်လည်း တရားစီရင်မှုကို ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ အစိုးရရှေ့နေများက ထောင်ဒဏ်နှစ် ၂ဝ ချရန် တောင်းဆိုခဲ့ပြီး ဒဏ်ငွေ ၁၅ ဘီလီယံ (ဒေါ်လာ ၁၃ ဒသမ ၃ သန်း) ချရန် တောင်းဆိုခဲ့ကြသည်။ဆုံးဖြတ်ချက်တွင် လီသည် ၎င်း၏ပိုင်ဆိုင်မှုကြေညာရာတွင် DAS ကားအပိုပစ္စည်းလုပ်ငန်းအား လိမ်ညာဖော်ပြခဲ့ကြောင်း၊ ဆွေမျိုးသားချင်းနာမည်အငှားပြခဲ့ကြောင်း၊ ထို့အပြင် တောင်ကိုရီးယားကုမ္ပဏီတစ်ခုမှ ဝမ်ငွေ ၂၄ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၂၁ ဒသမ ၈ သန်း)ကို လိမ်ယူခဲ့ ကြောင်း၊ ဆမ်ဆောင်းအုပ်စုမှ လာဘ်ငွေ ၅ ဒသမ ၉ ဘီလီယံ ဝမ်၊ ဒေါ်လာ (၅ ဒသမ ၂ သန်း)ကိုရယူခဲ့ကြောင်း၊ ထိုငွေမှာ လီ၏ကုမ္ပဏီတစ်ခု အမေရိကန်၌တရား စွဲခံရမှုအတွက် ရှေ့နေခပေးရန် ဖြစ်ကြောင်း၊ အပြန်အလှန်အား ဖြင့် လီက ဆမ်ဆောင်းဥက္ကဋ္ဌကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟုဆိုသည်။


လီအား အလွဲသုံးစားမှုများစွာဖြင့် မတ်လမှစ၍ ထောင်၌ချုပ်ထားခဲ့သည်။ လီမှာ ထောင်ချခံရသည့် ဒုတိယမြောက်သမ္မတဟောင်း ဖြစ်သည်။

Ref; Xinhua

#democracytoday

Rate this item
(0 votes)
back to top