ထရန့်၏ တရုတ်အပေါ် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခြင်းမှာ မှားယွင်းကြောင်း ဖိုင်နယ်ရှယ်တိုင်းမ် သတင်းစာ ဆို

နယူးယောက်၊ အောက်တိုဘာ ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ တရုတ်အပေါ် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲခြင်းမှာ မှားယွင်းကြောင်း၊ ကုန်သွယ်ဖက်များအားလုံးထဲမှ ကုန်သွယ်ရေးပိုငွေရအောင် လုပ်ဆောင်ချက်မှာ အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ ဤသည်မှာ ဖြစ်နိုင်ခြေလည်းမရှိကြောင်း ဖိုင်နယ်ရှယ်တိုင်းမ် သတင်းစာ ဝေဖန်ရေးခေါင်းဆောင်က အောက်တိုဘာ ၃ ရက်က ပြောကြားလိုက်သည်။
မာတင်ဝုဖ်မှာ ဗြိတိသျှစီးပွား ရေးဂျာနယ်လစ်တစ်ဦးဖြစ်သည်။ ၎င်းက FT သတင်းစာ၌ ဆောင်း ပါးတစ်စောင်ဖော်ပြခဲ့ရာ ကမ္ဘာ ပေါ်၌ ခေတ်မီဆန်းပြားသော အရာများစွာရှိသည့် နိုင်ငံ၌ ရှေးကျောက် ခေတ်ဟောင်းမှ အတွေးအခေါ်များကို အသုံးချနေသည်မှာ မယုံနိုင်စရာဖြစ်ကြောင်း ဖော်ပြလိုက်သည်။ ဝုဖ်မှာ FT တွင် ဝေဖန်ရေး ခေါင်းဆောင်နှင့် လက်ထောက် အယ်ဒီတာလည်းဖြစ်သည်။ အမေရိကန်သမ္မတက ကုန်သွယ်ဖက် နိုင်ငံကို သူရောင်းသည်ထက် ကိုယ်က ကုန်တွေပိုရောင်းလိုက်ပါက အမြတ်ရပြီဟု ထင်ထားကြောင်း၊ အကယ်၍ ကုန်သွယ်ဖက်နိုင်ငံက အခြားနိုင်ငံမှ ၎င်းရောက်သည်ထက် ကုန်ပစ္စည်းပိုဝယ်ပါက ဤသည်မှာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးစစ်ပွဲကို အနိုင်ရလိုက်ခြင်းဖြစ်သည်ဟု ယူဆကြောင်း အခြားတစ်ဖက်တွင် ပို၍ ရှုံး၍ဖြစ်သည်ဟုဆိုသည်။
အဒမ်စမစ်ကို ထောက်ခံကြသည့် အရေးပါသည့် စီးပွားရေးပညာရှင်များက ကုန်သွယ်ဖက်များထံမှ ကုန်သွယ်ရေးပိုငွေအမြဲ ရှာနေသူမှာ ရှုံးနိမ့်သူသာဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။ ဤသည်မှာ ဖြစ်နိုင်ခြေမရှိကြောင်း၊ ဤသည်မှာ ဥာဏ်အမြော်အမြင်ရှိသော ကုန်သွယ်ရေးဝါဒမဟုတ်ကြောင်း၊ ဤသည်မှာ အားလုံးခြုံ၍ စာရင်းရှင်းတမ်းအပေါ် အာရုံစိုက်ရမည် ဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။ တရုတ်နှင့် စီးပွားရေး ပဋိပက္ခအား ဝုဖ်ကပြောကြားရာတွင် ထရန့်သည် အမှားနှစ်ခုကို ကျူးလွန်ခဲ့ ကြောင်း ပထမအချက်မှာ သူသည်အလွန်ရှေ့သို့ရောက်နေခြင်းဖြစ်သည်။ တရုတ်က နှစ်ဖက်ညီမျှသော ပြန်လည်တုံ့ပြန်မှုကို မလုပ်ပေ။ အကြောင်းမှာ တရုတ်လူထုအား ၎င်းတို့မလိုသော ပစ္စည်းများကို ဝေ အောင်လုပ်၍မရ၍ဖြစ်သည်။
ဒုတိယအချက်မှာ ထရန့်သည် အမေရိကန်အင်အားကို ပုံကြီးချဲ့ ခြင်းပင်ဖြစ်သည်။ အကယ်၍ အမေရိကန်သမ္မတသည် လစ်ဘရယ်မူဝါဒ အစစ်အမှန် ကို ကျင့်သုံးခဲ့ပါက ဤအရာသည် အနိုင်မရနိုင်။ ဤအရာသည် ၎င်းဘာသာထိခိုက်ပျက်စီးမှု၊ ကုန်သွယ် ရေးနှင့် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးကို ထိခိုက်လိမ့်မည်ဟု ဝုဖ်က ပြောခဲ့သည်။ ကုန်သွယ်ရေးစစ်ပွဲမှာ မကောင်းပါ။ အင်အားကြီးနိုင်ငံများဖြစ်နေ၍ တစ်ဦးကိုတစ်ဦး အနိုင်ရရန်မလွယ်ပါ။
Ref;Xinhua
#democracytoday