ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပြီးဆုံးရန် ကိုရီးယားနှစ်နိုင်ငံ တောင်းဆို

ဆိုးလ်၊ အောက်တိုဘာ ၆
မြောက်ကိုရီးယားနှင့် တောင် ကိုရီးယားတို့က အန္တရာယ်များသော စစ်ပွဲကို အပြီးပိုင် အဆုံးသတ်ရန် တောင်းဆိုလိုက်ကြကြောင်း အောက် တိုဘာ ၆ ရက်က တရားဝင်သတင်း ဌာနများက ဖော်ပြလိုက်ကြသည်။ ဤကြေညာချက်ကို အောက် တိုဘာ ၅ ရက်က ကျင်းပခဲ့သည့် ၂ဝဝ၇ ခုနှစ် ထိပ်သီးအစည်းအဝေး (၁၁)ကြိမ်မြောက်နေ့တွင် ပြုစုခဲ့ပြီး အောက်တိုဘာ ၆ ရက်တွင် ထုတ် ပြန်ခဲ့ခြင်းဖြစ်ကြောင်း CNA သတင်း ကဖော်ပြလိုက်သည်။
မြောက်ကိုရီးယား(DPRK)၏ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကင် ယောင်နန်နှင့် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂွန်တို့လည်း ဤအခမ်းအ နားသို့ တက်ရောက်ခဲ့ကြသည်။ နှစ်နိုင်ငံစလုံးက အန္တရာယ် များသောစစ်ပွဲ အပြီးသတ် ပြီးဆုံး ရန်၊ နယ်မြေကို အေးချမ်းရန်နှင့် နျူကလီးယားလက်နက် ကင်းမဲ့ရေး နှင့် နျူကလီးယားခြိမ်းခြောက်မှု ကင်း မဲ့ရေးတို့အတွက် တောင်းဆိုခဲ့ကြ သည်။ နှစ်နိုင်ငံတို့သည် ဧပြီလက နှစ် နိုင်ငံ ထိပ်သီးအစည်းအဝေးမှ ချ မှတ်ခဲ့သည့် သမိုင်းဝင် ပန်မွန်ဂျုံ ကြေညာချက်ကို အသေးစိတ် အ ကောင်အထည်ဖော်ရန်လည်း တောင်း ဆိုခဲ့ကြသည်။
၂ဝဝ၇ ခုနှစ် အောက်တိုဘာ လတွင် မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအီနှင့် တောင်ကိုရီး ယားသမ္မတ ရိုမူဟွန်တို့သည် ပြုံယမ်း တွင် ထိပ်သီးဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံစလုံးက ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရန် ဆုံးဖြတ် ခဲ့ကြပြီး ချမ်းသာရေး ငြိမ်းချမ်းရေး ရရန်လည်း ကြေညာခဲ့သည်။ တောင်ကိုရီးယားအဖွဲ့ ကိုချို နှင့် အာဏာရပါတီခေါင်းဆောင် လီဟေးချန်တို့က ဦးဆောင်ခဲ့ကြ ပြီး ပြုံယမ်းသို့ အောက်တိုဘာ ၄ ရက်က ရောက်ရှိခဲ့ကြသည်။
Ref: Yonhap/Xinhua
#democracytoday
Latest from M Bwe
- အလိုအလျောက် ဘရိတ်ဖမ်းစနစ်ပါသော အပေါ့စား ကားငယ်များ ထုတ်လုပ်မည်
- တရုတ်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲ နောက်ဆုံးထားပြုလုပ်ရမည့်ရက် တိုးမြှင့်သွား မည်ဟု အမေရိကန်သမ္မတ ထရန့် ဆို
- ဗင်နီဇွဲလားအစိုးရက အတိုက်အခံများနှင့် ကြိုတင်စည်းကမ်း မသတ်မှတ်ဘဲ ဆွေးနွေးသွားမည်
- ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်က ထောက်ပံ့ရေးပစ္စည်းများ နိုင်ငံတွင်းသို့ ရောက်ရှိရေး ဆောင်ရွက်သွားမည် ဟုဆို
- မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုတွင် အပြစ်ရှိကြောင်း တွေ့ရှိ