HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

Kavanaugh ကို တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်  

Kavanaugh ကို တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်   

ဝါရှင်တန်၊ အောက်တိုဘာ ၇

အမေရိကန်အထက်လွှတ် တော်သည် Kavanaugh ၏ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုလုပ်ခဲ့ခြင်းနှင့် ကိုယ်ရေးဆိုင်ရာဝေဖန် ထိုးနှက်ခြင်းများ သီတင်းပတ်အ တော်ကြာတွင် လွှတ်တော်တွင်း/ ပြပ၌ အခြေအတင်ပြောဆိုခဲ့ကြပြီး နောက် ရီပတ်ဘလီကန်ပါတီမှ Brett Kavanaugh အား အောက်တိုဘာ ၆ ရက်က ထောက်ခံမဲ ၅ဝ ကန့်ကွက်မဲ ၄၈ မဲဖြင့် အမေရိကန်တရားရုံးချုပ် တရားသူကြီးတစ်ဦးအဖြစ် မဲခွဲဆုံးဖြတ်အတည် ပြုခန့်အပ်ထားလိုက်ပြီဖြစ်သည်။

ယင်းနောက် တစ်ရက်တည်း၌ပင် Brett Kavanaugh သည် တရားရုံးချုပ် တရားသူကြီးတစ်ဦး အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီဖြစ်သည်။ အမေရိကန်ဒုသမ္မတ မိုက်ပင့်စ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေ သော အထက်လွှတ်တော်တွင် ရီပတ်ဘလီကန်အမတ် ၅၁ ဦးရှိပြီး အလာစကာပြည်နယ် အထက်လွှတ်တော်အမတ် လီဆာမာကိုစကီက ကြားနေမဲပေးကာ ကျန်သော အမတ် ၄၈ ဦးစလုံးက ကန့်ကွက်မဲပေးခဲ့သည်။ သို့သော် ဒီမိုကရက် တစ်ပါတီမှ တစ်ဦးတည်းသော ထောက်ခံမဲပေးသူ ဂျိုးမန်ချင်၏ မဲတစ်မဲဖြင့် စုစုပေါင်းထောက်ခံမဲ ၅ဝ ရရှိသွားခြင်းဖြစ်သည်။


စုစုပေါင်းတရားသူကြီးကိုးဦး ရှိသော အမေရိကန်နိုင်ငံတရားရုံးချုပ်တွင် Kavanaugh သည်လည်း တရားရုံးချုပ် တရားသူကြီးတစ်ဦး ဖြစ်သွားခဲ့ပြီဖြစ်သည်။ Kavanaugh အား တရားရုံးချုပ် တရားသူကြီးတစ်ဦးအဖြစ် ခန့်အပ်ရာတွင် လွှတ်တော်အပြင်ဘက်တွင် ဆန္ဒပြသူ အများအပြားရှိခဲ့ ပြီး ဆန္ဒပြသူ ရာနှင့်ချီ၍ ဖမ်းဆီး ခြင်းခံခဲ့ရသည်။ မစ္စတာ Brett Kavanaugh တရားရုံးချုပ်တရားသူကြီး ခန့်အပ် ခံရခြင်းအတွက် သမ္မတဒေါ်နယ်ထရန့်က ချီးကျူးခဲ့ကြောင်း ၎င်း၏ တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

Ref; VOA

#democracytoday

Rate this item
(0 votes)
back to top