HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဘန်ကောက်မြို့လမ်းပေါ် လူဆိုးဂိုဏ်းများ ရန်ပွဲ နိုင်ငံခြား ခရီးသည်များ သေဆုံး၊ ဒဏ်ရာရရှိ

ဘန်ကောက်မြို့လမ်းပေါ် လူဆိုးဂိုဏ်းများ ရန်ပွဲ နိုင်ငံခြား ခရီးသည်များ သေဆုံး၊ ဒဏ်ရာရရှိ

ဘန်ကောက်၊ အောက်တိုဘာ ၈

အောက်တိုဘာ ၇ ရက် ညပိုင်းက ဘန်ကောက်မြို့ ရက်ချာပရာရို့လမ်း၌ လူငယ်လူဆိုးဂိုဏ်းနှစ်ခု တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ကျည်ဆန်လမ်းလွဲကာ နိုင်ငံခြားခရီးသည်များကို ထိမှန်ခဲ့သည်။ ဤထိမှန်မှု ကြောင့် အိန္ဒိယလူမျိုးတစ်ဦးနှင့် လာအိုလူမျိုးတစ်ဦးတို့ ကျည်ဆန်ထိမှန်သေဆုံးကာ အခြားခရီးသည် ငါးဦးလည်း ဒဏ်ရာရရှိခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းက အောက်တိုဘာ ၈ ရက်တွင် ဖော်ပြလိုက်သည်။

ရက်ချက်သီဝီခရိုင် ဝါးတား ဂိတ်ဈေးဝယ်စင်တာအနီးမှ ရဲတပ်ဖွဲ့အား ည ၈ နာရီ မိနစ် ၄ဝ တွင် အကြောင်းကြားခဲ့ကြောင်း သက်ဆိုင်ရာက ပြောခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများမှာလည်း အိန္ဒိယစားသောက်ဆိုင်မှ ညစာစားပြီးပြန်ထွက်လာကြသည့် အိန္ဒိယလူမျိုးများဖြစ်ကြောင်း၊ ၎င်းတို့မှာ စားသောက်ဆိုင် ကားရပ်စခန်း၌ ၎င်းတို့၏ဘတ်စ်ကားကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ အဆိုပါလူငယ်နှစ်ဖွဲ့မှာ အနီးရှိ စနူကာကစားရုံမှထွက်လာပြီး ကားရပ်စခန်းနား၌စုဝေးကာ စကားများရာမှ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားလိုက်သည်။


ရဲတပ်ဖွဲ့ရောက်လာချိန်တွင် လူဆိုးဂိုဏ်းသားများထွက်ပြေး သွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့မှ ၉ မမ နှင့် ၇ ဒသမ ၆၂ မမ ကျည်ဆန်ခွံ များကို ရရှိခဲ့သည်ဟုဆိုသည်။ ရဲတပ်ဖွဲ့မှ ဤတိုက်ပွဲတွင် AK  ရိုင်ဖယ်များအသုံးပြုခဲ့ကြသည်ဟုဆိုသည်။ ဒဏ်ရာရရှိသူငါးဦးတွင် ထိုင်းလူမျိုးနှစ်ဦးပါဝင်ပြီး အိန္ဒိယနှစ်ဦးနှင့် လာအိုတစ်ဦးတို့ပါဝင်ကြသည်ဟုဆိုသည်။ ၎င်းးတို့အား ဆေးရုံများသို့တင်ပို့ခဲ့ကြောင်း သိရသည်။ ၎င်းးလူငယ်များအား အောက်တိုဘာ ၈ ရက်တွင် စီစီတီဗွီကို အခြေခံကာ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းကဆိုသည်။

Ref; Bangkok Post

#democracytoday

Rate this item
(0 votes)
back to top