HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပျောက်ဆုံး ဆော်ဒီ သတင်းစာဆရာ ကောင်စစ်ဝန်ရုံးသို့ ရောက်ရှိမှုကို သက်သေပြရန် တူရကီသမ္မတက တောင်းဆို

ပျောက်ဆုံး ဆော်ဒီ သတင်းစာဆရာ ကောင်စစ်ဝန်ရုံးသို့ ရောက်ရှိမှုကို သက်သေပြရန် တူရကီသမ္မတက တောင်းဆို

ဘူဒါပက်၊ အင်ကာရာ၊ အောက်တိုဘာ ၉

တူရကီသမ္မတ တေယစ်အာဒိုဂန်က ဆော်ဒီအာရေဗျအစိုးရသည် ၎င်း၏ပျောက်ဆုံးသတင်းစာဆရာဖြစ်သူ ဂျမားလ်ခါရှိုဂီသည် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးမှ ထွက်ခွာသွား ကြောင်း သက်သေအထောက်အထားပြရန်လိုအပ်သည်ဟု အောက်တိုဘာ ၉ ရက်သတင်းများအရ သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံသားသတင်းစာဆရာနှင့် ထောက်လှမ်း ရေးအကြီးအကဲဟောင်းသည် လွန်ခဲ့သောရက်သတ္တပတ်တွင် ပျောက်ဆုံးသွားခဲ့ရပြီး တစ်ကမ္ဘာလုံးမှ ယင်းနှင့်ဆက်စပ်သတင်းကို စောင့်မျှော် နေကြသည်။ ၎င်းသည် ဆော်ဒီ အာရေဗျကောင်စစ်ဝန်ရုံးတွင်း၌ အသတ်ခံရခြင်းဖြစ်သည်ဟု ဆော်ဒီအာရေဗျအစိုးရအရာရှိများက ထုတ်ဖော်ပြောကြားလိုက်သည်။


ခါရှိုဂီသည် ဆော်ဒီအာရေဗျ နိုင်ငံတာဝန်ရှိသူများအပေါ် ဝေ ဖန်ရေးသားချက်များကြောင့် မိမိအသက်အန္တရာယ် စိုးရိမ်ဖွယ်ရာရှိသည်ဟုပြောကာ ဆော်ဒီအာရေဗျ နိုင်ငံမှ ယမန်နှစ်ကပင် ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ ၎င်းသည် အစ္စတန်ဘူလ်မြို့ရှိ ကောင်စစ်ဝန်ရုံးသို့ လက်ထပ်ခွင့်နှင့် အခြားစာရွက်စာတမ်းကိစ္စများဆောင်ရွက်ရန် အောက်တိုဘာ ၂ ရက်က ရောက်ရှိသွားခဲ့သည်။ သို့သော် ၎င်းသည် ကောင်စစ်ဝန်ရုံးသို့ရောက်ရှိပြီး မကြာမီမှာပင် ဇနီးလောင်းနှင့်အတူ ကောင်စစ်ဝန်ရုံးအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံး အရာရှိများက ထုတ်ဖော်ပြောဆိုလိုက်သည်။


ယင်းသတင်းအား မိမိတို့လက် ခံပါကြောင်း၊ သို့သော် သံအရာရှိ များအနေနှင့် သက်သေအထောက် အထားဖြင့် ပြောဆိုစေလိုကြောင်း အာဒိုဂန်က ထုတ်ဖော်ပြောဆိုလိုက်သည်။ တူရကီအနေဖြင့်လည်း ယင်းသတင်းအပေါ် စိတ်ဝင်စားသော်လည်း သက်သေအထောက်အ ထား တစ်စုံတစ်ရာမပြသနိုင်ကြောင်း အာဒိုဂန်က ဆက်လက်ပြောဆိုလိုက်သည်။ ဆော်ဒီကောင်စစ်ဝန်ရုံးကမူ ခါရှိုဂီသည် အသတ်ခံရသည်ကို လက်မခံနိုင်ကြောင်း ငြင်းဆိုပြော ကြားခဲ့သည်။


အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဆော်ဒီအာရေဗျသတင်း စာဆရာ ခါရှိုဂီသည် ဒုက္ခတစ်ခုခုနှင့် တွေ့ကြုံခဲ့ရသည်ဟု သတင်း များအရ မိမိသိရှိရပါကြောင်း ထုတ် ဖော် ပြောဆိုခဲ့သည်။ ''ကမ္ဘာတစ်ဝန်း သတင်းစာဆရာများသည် အကြမ်းဖက်ခံနေရသည်။ ယင်းကိစ္စမျိုး မဖြစ်သင့်'' ဟု အမေရိကန်ဒုသမ္မတ မိုက်ပင့်က ၎င်း၏တွစ်တာမှတစ်ဆင့် ဖော် ပြလိုက်သည်။

Ref; Reuters

#democracytoday

Rate this item
(0 votes)
back to top