HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဟာရီကိန်းမုန်တိုင်း 'မိုက်ကယ်' ဖလော်ရီဒါ မြောက်ပိုင်းသို့ ဝင်၊ ၁၃ ဦးသေ

ဟာရီကိန်းမုန်တိုင်း 'မိုက်ကယ်' ဖလော်ရီဒါ မြောက်ပိုင်းသို့ ဝင်၊ ၁၃ ဦးသေ

မီယာမီ၊ အောက်တိုဘာ ၉ 

ဟာရီကိန်းမုန်တိုင်း မိုက်ကယ်သည် ဖလော်ရီဒါ အရှေ့မြောက်ကမ်းခြေသို့ အောက်တိုဘာ ၉ ရက်က ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၁၁ မိုင် (၁၇၉ ကီလိုမီတာ)ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့၍ ဒေသတွင်း မြေပြိုမှုများဖြစ်ပွားကာ အိမ်ခြေအ ဆောက်အအုံများစွာတို့ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရသည်ဟု သတင်းများအရ သိရသည်။

ယင်းလေတိုက်နှုန်းသည် ပျက်စီးဆုံးရှုံးမှု ရှိစေနိုင်သော လေတိုက်နှုန်းဖြစ်ပြီး မိုက်ကယ် ဟာရီကိန်းမုန်တိုင်းသည် အောက်တိုဘာ ၁ဝ ရက်အထိ ဆက်လက်တိုက်ခတ်နိုင်သည်ဟု ဟာရီကိန်းမုန်တိုင်းစောင့် ကြပ်ရေးစင်တာက သတင်းထုတ် ပြန်လိုက်သည်။ မိုက်ကယ် ဟာရီကိန်းမုန်တိုင်းသည် ယခုအခါတွင်တစ်နာရီမိုင် ၉ဝ (၁၄၄ ကီလိုမီတာ)ရှိနေပြီး မြောက်ဘက်ဒေသများဆီသို့ တစ်နာရီ ၁၂ မိုင်နှုန်း (၁၉ ကီလိုမီတာ) ဖြင့် ရွေ့လျားနေခြင်းဖြစ်သည်။ မုန်တိုင်းသည် ပနားမားမြို့တော်တောင်ဘက်၌ တစ်နာရီ ၄၅၅ မိုင် (၇၃၂ ကီလိုမီတာ)၊ အပလာချီကိုလာမြို့ တော်ဘက်တွင် ၄၂၅ မိုင် (၆၈၄ ကီလိုမီတာ)နှုန်းဖြင့် တိုက်ခတ်သွားခဲ့သည်ဟုလည်း သတင်းများအရ သိရှိသည်။


မိုက်ကယ် ဟာရီကိန်းမုန်တိုင်းသည် ကျူးဘားနိုင်ငံ အနောက်ပိုင်း၌လည်း အောက်တိုဘာ ၉ ရက်က ဝင်ရောက် တိုက်ခတ်ခဲ့၍ နေရာအနှံ့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းများ ကြုံ တွေ့နေရသည်။ ကျုးဘားအနောက် ပိုင်းတွင် မိုးရေချိန် ၁၂ လက်မ( ၃ဝ စင်တီမီတာ) ရွာချခဲ့ပြီး ကျုးဘားပင်လယ်ကွေ့အတွင်း လှိုင်းပြင်းထန် ခြင်းနှင့် ကုန်းတွင်းပိုင်းအတွင်း၌ ရေလျှံခြင်း အန္တရာယ်များ ကြုံတွေ့ နေရကြောင်း သတင်းများအရ သိရှိရသည်။


ဟာရီကိန်း မိုက်ကယ်ကြောင့် အယ်လ်ဆာဗေးဒိုး၊ ဟွန်ဒူးရပ်စ်နှင့် နီကာရာဂွါနိုင်ငံများတွင် အဆောက်အအုံများ ပြိုကျခြင်းနှင့် ရေနစ်မြုပ်၍ ၁၃ ဦးသေဆုံးခဲ့ရသည်။ ဟွန်ဒူးရပ်စ်တွင် ခြောက်ဦး၊ နီကာရာ ဂွါနိုင်ငံတွင် လေးဦး၊ အလ်ဆာဗေးဒိုးယိုနိုင်ငံတွင် လေးဦး သေဆုံးခဲ့ ရခြင်းဖြစ်သည်။ ဖလော်ရီဒါမြစ်ငယ် Panhandle ဒေသ၌ လူအများ မုန်တိုင်း အန္တရာယ်မှ သတိပြု ရှောင်ရှားနေ ထိုင်ကြရန် စီရင်စုရဲမှူး ဒေးဗစ်မော်ဂန်က နှိုးဆော်ထားသည်။

Ref: AP

#democracytoday

Rate this item
(0 votes)
back to top