HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ရာထူးမှနုတ်ထွက်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ရာထူးမှနုတ်ထွက်

ဝါရှင်တန်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေက ရာထူးမှနုတ်ထွက်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက် မစ္စစ်ဟာလေက အကြောင်းပြချက် တစ်စုံတစ်ရာပြောကြားခြင်းမရှိဘဲ ရာထူးမှ နုတ်ထွက်ခြင်းဖြစ်သည်။

သမ္မတထရန့် အစိုးရအဖွဲ့ဝင်များအတွင်း အနည်းငယ်သော အမျိုးသမီးများထဲမှ တစ်ဦး ဖြစ်သည့် မစ္စစ်ဟာလေ ရာထူးမှ နုတ်ထွက် ကြောင်း ထုတ်ဖော်ကြေညာခဲ့ပြီးနောက် သမ္မတထရန့်က မစ္စစ်ဟာလေ၏ ရာထူးနေရာကို ရက်သတ္တနှစ်ပတ်မှ သုံးပတ်အတွင်း အစားထိုး ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။


မစ္စစ်ဟာလေသည် ယခုနှစ်ကုန်အထိ သူ၏ရာထူးနေရာတွင် ဆက်လက်ရှိနေမည် ဖြစ်သည်။ မစ္စစ်ဟာလေသည် လွန်ခဲ့သည့် ခြောက်လခန့်ကတည်းက သူ့အနေနဲ့ အား လပ်ချိန်ယူရန် ရည်ရွယ်ထားကြောင်း သမ္မတ ထရန့်ကို ပြောကြားခဲ့သည်ဟုဆိုသည်။  မစ္စစ်ဟာလေသည် သမ္မတ ထရန့်၏ အယုံကြည်ရဆုံး အကြံပေးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပုံရသည်ဟု သိရသည်။

Ref: Xinhua

#theyangontimes

Rate this item
(0 votes)
back to top