HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ယူကရိန်းနိုင်ငံ၏ လက်နက်ခဲယမ်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ၊ လူပေါင်း ၁၂၅ဝဝကျော် ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရ

ယူကရိန်းနိုင်ငံ၏ လက်နက်ခဲယမ်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ၊  လူပေါင်း ၁၂၅ဝဝကျော် ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရ

ကိဗ်

ယူကရိန်းနိုင်ငံမြောက်ပိုင်း ချာနီဂစ်ဒေသရှိ ယူကရိန်းစစ်တပ်၏ လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုအတွင်း လူပေါင်း ၁၂၅ဝဝ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟုသိရသည်။ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲ၏အဆိုအရ လက်နက်ခဲယမ်းသိုလှောင်ရုံ၏ နေရာလေး နေရာခန့်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် မီး စတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသည် ကိဗ်မြို့အရှေ့ဘက် ကီလိုမီတာ ၁၇ဝ အကွာတွင် ဖြစ်သည်။ မီးလောင်ကျွမ်းမှုက ပေါက်ကွဲမှုများကို ဆက်လက်ဖြစ်ပေါ်စေခဲ့ကြောင်း၊ အာဏာပိုင်တို့က လက်နက်တိုက် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခြင်းတွင် အဖျက်အမှောင့်လုပ်ရပ်ကင်းမကင်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ref: Xinhua

#theyangontimes

Rate this item
(0 votes)
back to top