HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဟာရီကိန်း မိုက်ကယ် အဆင့် ၄ ဖြင့် ဖလော်ရီဒါကို ဝင်ရောက် တိုက်ခတ်၊ တစ်ဦးသေဆုံး သမိုင်းတွင် အဆိုးရွားဆုံး မုန်တိုင်းဖြစ်ဟုဆို

ဟာရီကိန်း မိုက်ကယ် အဆင့် ၄ ဖြင့် ဖလော်ရီဒါကို ဝင်ရောက် တိုက်ခတ်၊ တစ်ဦးသေဆုံး သမိုင်းတွင် အဆိုးရွားဆုံး မုန်တိုင်းဖြစ်ဟုဆို

ပနားမားစီးတီး၊ အောက်တိုဘာ ၁၁

ဟာရီကိန်းမိုက်ကယ်တိုက်ခတ်၍ ဖလော်ရီဒါမြောက်ပိုင်း၌ လူတစ်ဦးသေဆုံးခဲ့ရကြောင်း ပြည်နယ်မြို့တော် တယ်လာအက်ဆီ အနောက်ပိုင်း ဂက်ဒ်စ်နယ်မြေမှ အရာရှိတစ်ဦးက AFP သတင်းကိုပြောပြခဲ့သည်။ ပထမဆုံးရရှိသည့် သေမှုသတင်းဟုဆိုသည်။ ဟာရီကိန်းမိုက်ကယ်သည် အောက်တိုဘာ ၁ဝ ရက်က မက္ကဆီကိုပင်လယ်ကွေ့ရှိ ပင်လယ်ကမ်းခြေမြို့သို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ ရေကြီး၊ သစ်ပင်ကျိုး၊ ဓာတ်အားပြတ်တောက်မှုများဖြစ်ကာ အဆင့် ၄ ဟာရီကိန်းအဖြစ် တိုက်ခတ်ခဲ့သည်။

လူထုသတင်းဌာနအရာရှိ အိုလီဗာစမစ်က ကယ်ဆယ်ရေးလုပ်သားများအတွက်လည်း အန္တရာယ် ရှိကြောင်း ပြောခဲ့သည်။ ဖလော်ရီဒါတာဝန်ရှိသူများက သမိုင်းတွင် အဆိုးရွားဆုံးမုန်တိုင်းတိုက်ခတ်ခဲ့သည်ဟု ပြောခဲ့သည်။ တစ်နာရီလျှင် ကီလိုမီတာ ၂၅ဝ နှုန်းဖြင့်တိုက် ခတ်ခဲ့သည်။ ရေကြီး၊ အိမ်အမိုးလန်၊ သစ်ပင်ကျိုးမှုများကြား၌ လူပေါင်း ၁ဝဝဝ ကျော် ဒုက္ခရောက်နေပုံကို ရုပ်သံက ပြသခဲ့သည်ဟုဆိုသည်။

 

ဟာရီကိန်းမိုက်ကယ်သည် ဖလော်ရီဒါသို့စတိုက်စဉ် အဆင့်ငါးရှိ ပြီးနောက် အဆင့်လေးဖြင့်တိုက်ခတ်ခဲ့ကြောင်း၊ နောက်ဆုံးအဆင့်သုံးသို့လျော့လာကာ ကုန်းတွင်းသို့ဝင်သွားခဲ့သည်ဟုဆိုသည်။ ယခုအခါ လေတိုက်နှုန်းတစ်နာရီ ၁၂၅ မိုင်နှုန်းရှိသည်ဟုဆိုသည်။ အယ်လ်ဘားမား ပြည်နယ်တောင်ပိုင်းဂျော်ဂျီယာအနောက်တောင်သို့ ဝင်ရောက်သွား ကြောင်း အမျိုးသားဟာရီကိန်းဌာနက ပြောခဲ့သည်။


ဖလော်ရီဒါတွင် အိမ်ထောင်စု ၂ဝဝဝဝဝ ခန့် လျှပ်စစ်မီးပြတ်သွားခဲ့သည်။ အမျိုးသားရာသီဥတုဌာနက မုန်တိုင်းမှာအလွန်အန္တရာယ်များပြီး အသက်ကိုခြိမ်းခြောက်နေကြောင်း ပြောကြားလိုက်သည်။ မိုက်ကယ်ဟာရီကိန်းသည် အပူပိုင်းမုန်တိုင်းမှ အဆင့် ၄ ဟာရီကိန်းသို့ဖွဲ့စည်းဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆင့်လေးအဖြစ် နာရီ ၄ဝ ကြာရပ်တည်နေခဲ့သည်ဟုဆိုသည်။ လွန်ခဲ့သောနှစ်ကလည်း ဟာရီကိန်းမုန်တိုင်းမဝင်မီ လူခြောက်သန်းကို ကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ပြီး ဆုံးရှုံးမှုဒေါ်လာ ၆ဝ ဘီလီယံရှိ ခဲ့သည်ဟုဆိုသည်။

Ref:Xinhua

#democracytoday

Rate this item
(0 votes)
back to top