HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ရုရှားက နျူကလီးယား လက်နက်လျှော့ ချရေး အမေရိကန်နှင့် စာချုပ်ကို တိုးချဲ့ရန်အသင့်ဟုဆို

ရုရှားက နျူကလီးယား လက်နက်လျှော့ ချရေး အမေရိကန်နှင့် စာချုပ်ကို တိုးချဲ့ရန်အသင့်ဟုဆို

မော်စကို၊ အောက်တိုဘာ ၁၁ 

ရုရှားက အမေရိကန်နှင့် ချုပ်ဆိုထားသည့် မဟာဗျူဟာ မြောက်လက်နက်များလျှော့ချရေး စာချုပ်အသစ် (New START)အား တိုးချဲ့သွားရန်အသင့်ရှိ ကြောင်း၊ နောက်ထပ်ငါးနှစ်တိုးချဲ့ သွားရန်ဖြစ်ကြောင်း၊ အမေရိကန် ထောက်ခံပါက ၎င်း၏အပေါင်း အသင်းများက လိုက်နာရန်အသင့်ရှိ ကြောင်း ရုရှားအထက်တန်းသံတမန်တစ်ဦးက ပြောကြားလိုက်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်မပြန့်ပွားရေးနှင့် လက်နက်ထိန်းချုပ်ရေးဌာနမှ ဒါရိုက်တာဗလာဒီမာယာမာကော့ဗ် က ပြောကြားရာတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ပထမကော်မတီတွင် နယူးယောက်၌ အောက်တိုဘာ ၉ ရက်က ပြောကြားခဲ့ ခြင်းဖြစ်သည်။ ဤပြောကြားချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖြန့်ဝေခဲ့ကြောင်း ဆင်ဟွာသတင်းက အောက်တိုဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။ ၎င်းက ဤစာချုပ်မတိုးချဲ့မီ ရှေးဦးစွာ စာချုပ်အရ ဖြစ်ပေါ်နေသည့်ပြဿနာများပြီးပြတ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အမေရိကန်က ထိုးစစ်သုံးလက်နက်များထုတ်လုပ်နေခြင်းမှာ စာချုပ်နှင့်မညီကြောင်း ၎င်းကပြောခဲ့သည်။


New START စာချုပ်မှာ ၂ဝ၁၁ ခုနှစ်က အာဏာသက် ရောက်ခဲ့ပြီး ၂ဝ၂၁ တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ရုရှားနှင့်အမေရိကန်တို့သည် မဟာဗျူဟာမြောက်ဒုံးပျံပစ်စင်များကို ၂ဝ၁၈ ဖေဖော်ဝါရီလတွင် ထက်ဝက်စီလျှော့ချသွားရမည်ဖြစ်သည်။ ဤစာချုပ်အား နှစ်ဦးသ ဘောတူနောက်ထပ်ငါးနှစ်သက် တမ်းတိုးသွားရန်ဖြစ်သည်။ နှစ်နိုင်ငံစလုံးက ၎င်းတို့သည် စာချုပ်ပါအတိုင်း လက်နက် လျှော့ချမှုကို လုပ်ဆောင်နိုင်ခဲ့ကြသည်ဟု ပြောခဲ့ကြသည်။ သို့ရာတွင် ရုရှားက အမေရိကန်၏နျူကလီးယားအယူအဆအသစ်ကို စိုးရိမ်လျက်ရှိသည်။ အမေရိကန်က နျူကလီးယားနှင့် ဒုံးပျံကာကွယ်ရေးစနစ်များမဖျက်ဆီးဘဲ ဆက်လက်အသုံးပြုသွားမည်ကို စိုးရိမ်သည်ဟုဆိုသည်။


ရုရှားက အမေရိကန်သည် အာကာသမှ ကမ္ဘာကြီးကိုစစ်ပြုမည်ကိုလည်း စိုးရိမ်နေသည်။ နိုင်ငံတချို့က ကမ္ဘာနှင့်အနီးကပ် အာကာသမှ ထိုးစစ်စနစ်ကို အသုံးပြုရန် ပြောကြားလျက်ရှိကြသည်ဟုဆိုသည်။ ထို့အပြင် အမေရိကန်သည် ကမ္ဘာတစ်ဝန်းပစ်နိုင်သည့် ၎င်း လောင်ချာကို ရိုမေးနီးယားနှင့် ပိုလန်၌ချထားသည်ကိုလည်း စိုးရိမ် လျက်ရှိသည်။ ဤသည်မှာ တာလတ်ပစ်နျူကလီးယားဒုံးပျံဆိုင်ရာ သဘောတူညီချက်ကို ချိုး ဖောက်သည်ဟု ရုရှားကပြောခဲ့သည်။

Ref:Xinhua

#democracytoday

Rate this item
(0 votes)
back to top