HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကိုရီးယားနှစ်နိုင်ငံနှင့် ကုလသမဂ္ဂ စစ်တပ်တို့ စစ်ပြေငြိမ်းရေး နယ်စပ်၌ပထမဆုံး အစည်းအဝေးပြုလုပ်  

ကိုရီးယားနှစ်နိုင်ငံနှင့် ကုလသမဂ္ဂ စစ်တပ်တို့ စစ်ပြေငြိမ်းရေး နယ်စပ်၌ပထမဆုံး အစည်းအဝေးပြုလုပ်   

ဆိုးလ်၊ အောက်တိုဘာ ၁၆

မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် ကုလသမဂ္ဂစစ်တပ်တို့ သည် ¤င်းတို့၏သုံးပွင့်ဆိုင်အစည်း အဝေးကို ကိုရီးယားနှစ်နိုင်ငံကြား စစ်ပြေငြိမ်းရေးနယ်စပ်၌ အောက်တိုဘာ ၁၆ ရက်တွင် စည်းဝေးခဲ့ကြ ကြောင်း တောင်ကိုရီးယားကာကွယ် ရေးဝန်ကြီးဌာနကပြောခဲ့သည်။

လွန်ခဲ့သောလက ကိုရီးယား ခေါင်းဆောင်များတွေ့ဆုံစဉ် စစ် ရေးဆိုင်ရာစာချုပ်တစ်ခုချုပ်ဆိုရန် သဘောတူခဲ့ကြရာ စစ်ရေးလေ့ ကျင့်မှုရပ်ဆိုင်းရေး၊ နယ်စပ်များ အနီး၌ လေယာဉ်မပျံသန်းရေး၊ မြေမြှုပ်မိုင်းများ တဖြည်းဖြည်းဖယ် ရှားရေးနှင့် စစ်ပြေငြိမ်းရေးဇုန် အတွင်း အစောင့်တပ်များကိစ္စတို့ ပါဝင်သည်ဟုဖော်ပြခဲ့သည်။ အောက်တိုဘာ ၁၆ ရက် အစည်းအဝေးတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် အစောင့်တပ် များ ချထားရေးကိစ္စများပါဝင် သည်။ နယ်စပ်ဒေသ၌ ထောက် လှမ်းရေးကိရိယာများချထားမှု ပြန်လည်ညှိနှိုင်းရေး၊ စစ်မဲ့ဇုန်ကိစ္စ ကို နှစ်နိုင်ငံ အကျိုးတူနည်းလမ်း များအဖြစ် ပြန်လည်သတ်မှတ်ရေး တို့ပါဝင်ကြောင်း ယွန်ဟတ်သတင်း က ဖော်ပြလိုက်သည်။


ပန်မွန်ဂျုံကျေးရွာတွင် တံခါး ပိတ်အစည်းအဝေးကျင်းပမည်ဖြစ် ပြီး ဘက်သုံးခုစလုံးမှကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆို သည်။အောက်တိုဘာ ၁၅ ရက်က ကိုရီးယားနှစ်နိုင်ငံအကြား မီးရထား လမ်းပြန်လည်ဆက်သွယ်ရေး အ မေရိကန်က စိုးရိမ်နေသော်လည်း အခြားဘက်များ၌လည်း ဆက်သွယ် ဆောင်ရွက်ရေးတို့ပါဝင်သည်။


အမေရိကန်က တောင်မြောက် ကိုရီးယားတို့၏အေးခဲမှု အရည် ပျော်နှုန်းမြန်ဆန်လာမည်ကို စိုးရိမ် နေသည်။ ဤကိစ္စကြောင့် မြောက် ကိုရီးယားအား နျူကလီးယား လက်နက်စွန့်လွှတ်အောင် ဖိအား ပေးမှုပျက်ပြားစေမည်ကို စိုးရိမ်နေ သည်။ မြောက်ကိုရီးယားနှင့် ဒီမိုကရက်တစ် တောင်ကိုရီးယား တို့မှာ လက်တွေ့သဘောအရ စစ် ဖြစ်ပွားနေဆဲဖြစ်သည်။ ၁၉၅ဝ-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီး ကတည်းကဖြစ်သည်။ မိမိတို့ အပစ်အခတ်ရပ်စဲခြင်း သာရှိပြီး ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးဟု တောင်ကိုရီးယား ကာကွယ်ဝန်ကြီးဌာနက ဆိုသည်။

Ref; Reuters

#democracytoday

Rate this item
(0 votes)
back to top