HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တောင်ပစိဖိတ်တွင်းရှိ ပြင်သစ်ကိုလိုနီ New Caledonia ကျွန်း၌ လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပ

တောင်ပစိဖိတ်တွင်းရှိ ပြင်သစ်ကိုလိုနီ New Caledonia ကျွန်း၌ လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပ

ဆစ်ဒနီ၊ နိုဝင်ဘာ ၎

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း ရှိ လူဦးရေ ၂၈ဝဝဝဝ ရှိသော ပြင်သစ်ပိုင် New Caledonia ကျွန်းတွင် နိုဝင်ဘာလ ၄ ရက် နေ့က လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပခဲ့သည်ဟု သတင်းများအရ သိရှိရသည်။

ယင်းသည် အာဖရိက ဦးချိုနိုင်ငံများ၌ ဒီဂျီဘူတီနိုင်ငံတွင် ၁၉၇၇ ခုနှစ် လွတ်လပ်ရေးအတွက် ဆန္ဒမဲပေး ပြီးစဉ်ကပင် ပြင်သစ်ပိုင် ကိုလိုနီနိုင်ငံများတွင် ပထမဦးဆုံးကျင်းပခြင်းဖြစ်သည်။ ကျွန်းပေါ်ရှိ ကာနတ်စ်တိုင်းရင်းသားများသည် ပြင်သစ်နိုင်ငံအ ပေါ် သစ္စာရှိကြသော်လည်း လွတ်လပ်ရေးလိုလားကြသူများဖြစ်ကြသည်။ ပြင်သစ်သမ္မတ အီမန်နျူယယ မက်ခရွန်သည် မေလအတွင်းက New Caledonia ကျွန်းသို့အလည်အပတ်ရောက်ရှိစဉ်အတွင်း ''ကိုလိုနီနိုင်ငံများ၏ လွတ်လပ်ရေး လိုချင်သောဆန္ဒကို ကိုယ်ချင်းစာနာပါကြောင်း၊အထူးသဖြင့် ကာနတ်စ်တိုင်းရင်း သားလူမျိုးစုများ၏ လွတ်လပ်ရေး လိုချင်ကြောင်း ဆန္ဒဖော်ပြမှုကို လေး စားပါကြောင်းဟူ၍ ထုတ်ဖော်ပြော ကြားခဲ့သည်။

 

New Caledonia ဟူ၍ ကျွန်းနိုင်ငံလေးတွင် ယူရို ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်ဖိုး ရှိသော နီကယ်လ်တွင်းထွက်သတ္တုများ ထွက်ရှိသည်။ ယင်းအပြင် ကမ္ဘာလှည့်ခရီးသွားများမှလည်း ဝင်ငွေရရှိမှုသည် ယင်းကျွန်းနိုင်ငံ လေး၏ ၂၅ ရာခိုင်နှုန်း ဝင်ငွေအ ဖြစ်ရရှိသည်။ ယင်းကျွန်းအား ဗြိတိ သျှစွန့်စားရှာဖွေသူ ဂျိမ်းစ်ကွတ်က ရှာဖွေတွေ့ရှိခဲ့ပြီး ပြင်သစ်နိုင်ငံမှ ကီလိုမီတာ ၁၆၇ဝဝ (၁ဝ၃၇၇ မိုင်) ကွာဝေးသည်။ ၁၈၅၃ ခုနှစ်တွင် ပြင်သစ် ကိုလိုနီနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် New Caledonia ကျွန်း တွင် ၁၈၇၈ ခုနစ်က လွတ်လပ်ရေး တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် နှစ်ပေါင်း ၁ဝဝ ကျော် ခန့်အကြာ ၁၉၈ဝ ပြည့်နှစ်တွင် လွတ်လပ်ရေး အလိုရှိသူ ကျွန်း သားများနှင့် ပြင်သစ်လက်အောက် ဆက်လက်နေထိုင်လိုသူများ အဓိကရုဏ်းဖြစ်ပွား ခဲ့ကြသည်။

 

၁၉၈၈ ခုနှစ်တွင် Ouvea ကျွန်းပေါ်ရှိ လူတစ်စု ပြင်သစ်မှ ခွဲထွက်ရေးသမား ၁၉ ဦးနှင့် ပြင်သစ်စစ်သားနှစ်ဦးတို့ သေဆုံးခဲ့ရသော အဓိကရုဏ်းတစ် ရပ်ဖြစ်ပွားခဲ့သည်။ ထို့နောက် ယင်းကျွန်း၏ လွတ်လပ်ရေးပြည်သူ့ ဆန္ဒဖော်ထုတ်နိုင်ရန် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင်ကျင်းပရန် ပြင်သစ် အစိုးရက အချိန်သတ်မှတ်ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။ New Caledonia ကျွန်းငယ်တွင် ယခုပြည်သူ့ဆန္ဒခံယူအ ပြီးတွင် ၂ဝ၂၂ ခုနှစ်မတိုင်မီ ဒုတိယ အကြိမ် ပြည်သူ့ဆန္ဒခံယူပွဲထပ်မံကျင်းပပေးရမည်ဖြစ်သည်။

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top