HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အီတလီတွင် မုန်တိုင်း တိုက်ခတ်၍ ရေကြီးမြေပြိုမှုများဖြစ်ပွား သစ်ပင် ၁၄ သန်းပြိုလဲကာ လူ ၁၇ ဦးသေဆုံး

အီတလီတွင် မုန်တိုင်း တိုက်ခတ်၍ ရေကြီးမြေပြိုမှုများဖြစ်ပွား သစ်ပင် ၁၄ သန်းပြိုလဲကာ လူ ၁၇ ဦးသေဆုံး

မီလန်၊ နိုဝင်ဘာ ၎

အီတလီနိုင်ငံတွင် မုန်တိုင်းများတိုက်ခတ်မှုကြောင့် မိုးများ သည်းထန်စွာရွာသွားခဲ့ပြီး လူ ၁၇ ဦးသေဆုံးခဲ့ရသည်ဟု နိုဝင်ဘာ ၄ ရက်သတင်းများအရ သိရှိရသည်။ ဆာဒီနီးယားကျွန်းပေါ်တွင် နိုဝင်ဘာ ၂ ရက်ကဂျာမနီခရီး သွားတစ်ဦးမိုးကြိုးထိမှန်၍ သေဆုံးခဲ့ရသည်။ နောက်ထပ်တစ်ဦးမှာလည်း လျှပ်စစ်မိုးကြိုးထိမှန်ကာ ဆေးရုံတွင်သေဆုံးသွားခဲ့ရသည်ဟု အီတလီမြို့ပြကာကွယ်ရေး အေဂျင်စီမှနိုဝင်ဘာ ၄ ရက်က သတင်းထုတ်ပြန်လိုက်သည်။

မုန်တိုင်းလေပြင်းနှင့်မိုး သည်းထန်မှုများကြောင့် သစ်ပင်ကြီးများလဲကျကာ ပိ၍သေဆုံး ကြရသူများလည်း ရှိခဲ့ကြရသည်။ '' မုန်တိုင်းမွှေလို့ အပျက်အစီး တွေကအများကြီးပဲ။ အနည်းဆုံး နှစ် ၁ဝဝ ကြာအောင်ပြန်လည် တည်ဆောက်ကြရလိမ့်မယ် ''ဟု အေဂျင်စီပြောဆိုခွင့်ရှိသူက ထုတ် ဖော်ပြောဆိုလိုက်သည်။ အထူးသဖြင့် အီတလီမြောက်ပိုင်းတွင် ပျက်စီးမှုများခဲ့ရသည်။ မိုးမှာလည်း သည်းထန်စွာရွာသွန်းကာ ရေကြီးမှုကြောင့် အဆောက်အအုံ အများအပြား ရေနစ်မြုပ်နေသည် ဟုလည်း ၎င်းကဆက်လက်ပြောဆိုလိုက်သည်။ မုန်တိုင်းကြောင့်ဒေသတွင်း ယူရိုငွေအနည်းဆုံး တစ်ဘီလီယံ (ပေါင်စတာလင် ၈၇၇ ဒသမ ၇၃) သန်းခန့်ပျက်စီးဆုံးရှုံးခဲ့ရ သည်ဟု ဗီနက်တိုမြို့တော်အုပ် ချုပ်ရေးမှူးလူကာဇိုင်ယာက ထုတ် ဖော်ပြောဆိုလိုက်သည်။


မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျှင်ကီလိုမီတာ ၁၈ဝ (၁၁၂မိုင်) ထိပြင်းထန်စွာ လေတိုက်ခတ်ခဲ့သည်ဟု မြို့ပြကာကွယ်ရေး အေဂျင်စီအကြီးအကဲ အင်ဂျလိုဘိုရမ်က ထုတ်ဖော်ပြော ကြားလိုက်သည်။ မုန်တိုင်းတိုက်ခတ်၍ ပျက်စီးခဲ့သောနေရာများသို့ အီတလီဒုတိယဝန်ကြီးချုပ် မက်တီယိုဆာလ်ဗီနီက နိုဝင်ဘာ ၃ ရက်တွင်သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

Reuters

#democracytoday

Rate this item
(0 votes)
back to top