HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဂျပန် ကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် လေယာဉ်တင် သင်္ဘောက ဦးဆောင်ခဲ့

ဂျပန် ကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် လေယာဉ်တင် သင်္ဘောက ဦးဆောင်ခဲ့

တိုကျို၊ နိုဝင်ဘာ ၎

နျူကလီးယားစွမ်းအင်သုံး USS Ronald Reagan  လေယာဉ်တင်သင်္ဘောသည် ဂျပန် နိုင်ငံတွင်းနှင့်ဝန်းကျင်တွင် အကြီးမားဆုံးတိုက်ခိုက်မှုအဆင် သင့်ဖြစ်စေရေး စစ်ရေးလေ့ကျင့်မှုအတွက် ဂျပန်ဖျက်သင်္ဘောများ နှင့် ကနေဒါ စစ်သင်္ဘောတို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ပြီး နိုဝင်ဘာ ၃ ရက်က ပစိဖိတ်အနောက်ပိုင်းတွင် အမေရိကန်ဂျက်တိုက် လေယာဉ်များ ပျံသန်းခဲ့ကြသည်။

ဂျပန်နှင့် အမေရိကန်နိုင်ငံတို့သည် နှစ်နှစ်တစ်ကြိမ်ပြုလုပ်သည့် Keen Sword  လေ့ကျင့်မှုတွင် ရေတပ်သား၊ မရိန်းနှင့် လေတပ်သား ငါးသောင်းခုနစ်ထောင်ကို ထည့်သွင်းလေ့ကျင့်စေခဲ့ပြီး လေ ကြောင်းတိုက်စစ်၊ ကုန်းရေနှစ်မျိုး ဆင်းသက်မှုနှင့် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတို့ကိုလည်း ထည့်သွင်းလုပ် ဆောင်ခဲ့ကြသည်။  ဂျပန်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့၏ ငါးပုံတစ်ပုံအင်အားဖြစ်သည့် တပ်သားအင်အား လေး သောင်းခုနစ်ထောင် ပါဝင်ခဲ့သည်။ ရေတပ်ဗိုလ်ချုပ်ကြီး ကာရ် သောမတ်စ်က ''ကျွန်တော်တို့ ဒီကို တည်ငြိမ်မှုရှိစေဖို့ ရောက်လာတာဖြစ်ပြီး လိုအပ်တဲ့လုပ် ဆောင်နိုင်စွမ်းတွေကို ထိန်းသိမ်းသွားမှာပါ။ Keen Sword လိုမျိုး လေ့ကျင့်မှုတွေဟာ ကျွန်တော်တို့ လုပ်ဖို့ လိုအပ်တဲ့ အရာမျိုးဖြစ် ပါတယ်''ဟု ပြောဆိုသည်။


အမေရိကန်နှင့် ဂျပန်တို့က တရုတ်၏ လွှမ်းမိုးမှုအောက်သို့ ရောက်သွားမည်ကို စိုးရိမ်နေမှုမြင့် တက်လာသည့်အတွက် ရေပြင်တွင် အင်အားပြမှုအနေဖြင့် ရေငုပ်သင်္ဘောဖြိုခွင်းရေး စစ်ရေးလေ့ ကျင့်မှုအတွက် အခြားသင်္ဘော ရှစ်စင်းနှင့်အတူ ယင်းလေယာဉ် တင်သင်္ဘောက ပါဝင်ခဲ့ခြင်းလည်း ဖြစ်သည်။ အမေရိကန်-ဂျပန် မဟာမိတ်သည် ဒေသတွင်းနှင့် အင်ဒိုပစိဖိတ်ဒေသတွင် တည်ငြိမ်မှုအတွက် မရှိမဖြစ်လိုအပ်ကြောင်း ဂျပန်ရေတပ်ဗိုလ်ချုပ်ကြီးဟီရိုရှိအာဂါဝါက ပြောကြားခဲ့သည်။ တိုကျိုမြို့အနီး ယိုကိုဆူကာမြို့တွင် အခြေစိုက်သည့် ယင်းလေယာဉ် တင်သင်္ဘောသည် အာရှရှိအကြီးမားဆုံး အမေရိကန်စစ်သင်္ဘော ကြီးဖြစ်ပြီး F-18 Super Hornets တိုက်လေယာဉ်အစင်း ၉ဝ နှင့် ရေတပ်သားငါးထောင် ပါဝင်သည်။

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top