HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဗြိတိသျှပြတိုက်သို့ ရောက်ရှိနေသော ရှေးဟောင်း နို့တိုက်တိရစ္ဆာန်ရုပ်ကြွင်းများကို ချီလီ ပြန်လည်ပေးအပ်စေလို

ဗြိတိသျှပြတိုက်သို့ ရောက်ရှိနေသော ရှေးဟောင်း နို့တိုက်တိရစ္ဆာန်ရုပ်ကြွင်းများကို ချီလီ ပြန်လည်ပေးအပ်စေလို

စန်တီယာဂို၊ နိုဝင်ဘာ ၅

ချီလီနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းသက်တမ်း ၁ဝဝဝဝ အတွင်းက ရှင်သန်ကျက်စားခဲ့ သော မိုင်လိုဒွန် ရှားပါးနို့တိုက် တိရစ္ဆာန်ရုပ်ကြွင်းများ စုဆောင်းသိမ်းဆည်းထားမှုကို ပြန်လည် ပေးအပ်စေလိုသည်ဟု လန်ဒန်ရှိ ဗြိတိသျှပြတိုက်ကြီးသို့ နိုဝင်ဘာ ၄ ရက်က တောင်းဆိုမှုပြုလိုက်သည်ဟု နိုဝင်ဘာ ၅ ရက် သတင်းများအရ သိရှိရသည်။

အမျိုးသားရှေးဟောင်းပစ္စည်းများဆိုင်ရာ ဝန်ကြီးဖြစ်သူ ဖိလစ်ဝပ်ဒ်သည် လန်ဒန်သို့ နှစ်ပတ်ကြာ ခရီးသွားရောက်ကာ အာဂျင်တီးနားနှင့် ချီလီနိုင်ငံတောင်ပိုင်းဒေသားတွင် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝဝ ခန့် Patagonia ရှေး ဟောင်းခေတ်အတွင်း ရှင်သန်ကျက်စားခဲ့သော ယင်းရှေးဟောင်း ရုပ်ကြွင်းများအား လေ့လာတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ''ဒီရှေးဟောင်း နို့တိုက်သတ္တဝါတွေရဲ့ ရုပ်ကြွင်းများဖြစ်တဲ့ အရိုးနဲ့အရေခွံတွေကို လန်ဒန်ပြတိုက်မှာတွေ့ရှိခဲ့ရလို့ ပြတိုက်မှူးကိုဒီအကြောင်း ပြောဆိုပြန်တောင်းခဲ့ပါတယ်''ဟု သတင်းထောက်များသို့ ပြောကြားလိုက်သည်။


''ယင်းရှေးဟောင်းရုပ်ကြွင်းများကို သုတေသနပြုရန်ဟူ၍ ၁၈၉၇ ခုနှစ်က ငှားရမ်းသွားခဲ့ပြီး နောက် ယခုထိ ပြန်မပေးသေးခြင်း ဖြစ်သည်''ဟုလည်း ဆက်လက် ပြောဆိုလိုက်သည်။ မိုင်လိုဒွန်ရှေးဟောင်းရုပ်ကြွင်းများသည် ၂ ဒသမ ၅ မီတာ (ရှစ်ပေ)ခန့်ရှိပြီး အလေးချိန် သုံး တန်ခန့်လေးသည်ဟူ၍လည်း သိရှိရသည်။ ယင်းတို့ကို ၁၈၉၆ ခုနှစ်က ဂျာမနီသုတေသီများက တူးဖော်တွေ့ရှိခဲ့ကြပြီး တွေ့ရှိရာ မိုင်လိုဒွန်လူနေရာအား အစွဲပြု၍ မိုင်လိုဒွန်ရှေးဟောင်းရုပ်ကြွင်းများဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ယင်းဒေသသည် မြို့တော်စန်လီယာဂို တောင် ဘက်ကီလိုမီတာ ၃၅ဝဝ၊ (မိုင် ၂၁၇၅) ကွာဝေးသည်။ ဝပ်(ဒ်)၏ ဗြိတိန်ခရီးစဉ်အတွင်း ချီလီနိုင်ငံပိုင် အီစတာကျွန်းများပေါ်တွင် နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများ၏ ၁၈၆၈ ခုနှစ်က ခိုးသွားခြင်းခံရ သော ရုပ်တုတစ်ခု ပြန်လည်ရရှိ ရေးတောင်းဆိုနေကြသော ချီလီကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

Ref ; AFP
#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top