HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ရုရှားနိုင်ငံသို့ အလည်သွားရောက်နိုင်ဖွယ် ရှိသည်ဟု တောင်ကိုရီးယား သံအမတ်ကြီး ပြော

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်  ရုရှားနိုင်ငံသို့ အလည်သွားရောက်နိုင်ဖွယ် ရှိသည်ဟု  တောင်ကိုရီးယား သံအမတ်ကြီး ပြော

မော်စကို၊ နိုဝင်ဘာ ၅ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ယခုလအတွင်း ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိကောင်း ရောက်ရှိလာနိုင်သည်ဟု မော်စကိုမြို့ရှိ တောင်ကိုရီးယားသံအမတ်ကြီး ဂူးယွန်ကင်န်က ထုတ်ဖော်ပြောဆိုလိုက်သည်ဟု နိုဝင်ဘာ ၅ ရက် သတင်း များအရသိရသည်။ သို့သော် မည်သည့်နေ့ရက်အတွင်း လာရောက် မည်ကိုမူ သတင်းအတည်ပြုချက်မရရှိသေးဟူ၍လည်း ထုတ်ဖော် ပြောကြားလိုက်သည်။

''ရုရှားနိုင်ငံက ကင်လာရောက်လည်ပတ်ရေး ဖိတ်ကြားထားတာရှိပါတယ်။ မြောက်ကိုရီးယားက အချိန်ဆွဲညှိနှိုင်းနေလို့ပါ''ဟု သံအမတ်ကြီးက ဆက်လက်ပြောကြားလိုက်သည်။ ရုရှားနိုင်ငံခြား ရေးဝန်ကြီး မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့စဉ်က ရုရှားသမ္မတပေး ပို့လိုက်သော သဝဏ်လွှာကို ကင်ဂျုံအန်ထံ ပေးပို့ခဲ့ပြီး သမ္မတပူတင်၏ ဖိတ်ကြားစာတွင် စက်တင်ဘာလအတွင်း ဗလာဒီမော့စကော့မြို့၌ ကျင်းပခဲ့သည့် အရှေ့စီးပွားရေးစင်္ကြံဖိုရမ်သို့ ကင်ဂျုံအန်လာ ရောက်ရန် ဖိတ်ကြားခဲ့ပြီး အဆင်သင့်သော ကာလတစ်ခုအတွင်း ရုရှားနိုင်ငံသို့ ကင်လာရောက်လည်ပတ်ပါရန် ဖိတ်ကြားထားခဲ့ခြင်း ဖြစ်သည်။


ရုရှားဖက်ဒရေးရှင်းကောင်စီဥက္ကဋ္ဌဖြစ်သူ ဗယ်လင်တီနာမက် ဗီယန်ကိုသည် မြောက်ကိုရီးယား နိုင်ငံ၏ နှစ်(၇ဝ)ပြည့် အမျိုးသား နေ့ အခမ်းအနားသို့ လာရောက်ရင်း ကင်ကရုရှားနိုင်ငံသို့ လာ ရောက်ရန် ထပ်မံဖိတ်ကြားခဲ့ပြီး ကင်က ဖိတ်ကြားချက်ကို လက်ခံ ခဲ့ခြင်းဖြစ်သည်။ ရုရှားသမ္မတဗလာဒီမာပူတင်သည် ၂ဝ၁၉ ခုနှစ် ပထမနှစ်ဝက် အတွင်း တောင်ကိုရီးယားနိုင်ငံသို့ လာရောက်ရန် အစီအစဉ်ပြုလုပ် ထားပြီးဖြစ်သည်ဟုလည်း သံအမတ်ကြီးက ဆက်လက်ပြောကြား လိုက်သည်။ 

Ref: Yonhap

#democracytoday

Rate this item
(0 votes)
back to top