HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်ပြည်နယ်၌ ယာဉ်တိုက်မှုကြောင့် ကင်းထောက် မိန်းကလေးသုံးဦး အပါအဝင် လေးဦးသေဆုံး

အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်ပြည်နယ်၌ ယာဉ်တိုက်မှုကြောင့် ကင်းထောက် မိန်းကလေးသုံးဦး အပါအဝင် လေးဦးသေဆုံး

လိတ်ဟာလီ(အမေရိကန်) နိုဝင်ဘာ ၅ 

အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်ပြည်နယ် အဝေးပြေးလမ်းမကြီးတစ်ခုအပေါ်တွင် နိုဝင်ဘာ ၄ရက်က ထရပ်ကားတစ်စီးအရှိန်လွန်ကာ တိုက်မိခဲ့၍ ကင်းထောက်အဖွဲ့ဝင် မိန်းကလေးသုံးဦးနှင့် မိဘတစ်ဦးတို့သေဆုံးခဲ့ရသည်ဟု သတင်းများအရသိရသည်။ အာဏာပိုင်များက အမည်ဖော်ပြမထား သော ၎င်းတို့လေးဦးတို့အား မင်နီဆိုတာဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသခဲ့သော်လည်း တိုက်မိဒဏ်ရာများ ပြင်းထန်၍ သေဆုံးသွားခဲ့ရသည်။ ၎င်းတို့သည် မင်နီဆိုတာ ပြည်နယ်အရှေ့ပိုင်း မိုင် ၉ဝ (၁၄၅ ကီလိုမီတာ) ဝေးကွာ သော တောတွင်း၌ စခန်းချလေ့ ကျင့်နေသော Troop 3055 မှ လေးတန်းကျောင်းသူကင်းထောက်မယ်လေးများ ဖြစ်ကြသည်။

''ဒီလို မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး ကင်းထောက်အဖွဲ့ဝင် မိန်းကလေးတွေနဲ့ မိသားစုဝင်တို့ သေဆုံးခဲ့ရတာကို စိတ်မကောင်း ဖြစ်မိပါတယ်''ဟု အမေရိကန်အမျိုးသမီးကင်းထောက်အဖွဲ့မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဆီလ်ဗီယာအေစီဗွီဒိုက ထုတ်ဖော်ပြောဆိုလိုက်သည်။ ဝစ္စကွန်ဆင်ပြည်နယ်လူမှု ရေးအဖွဲ့ဝင်တစ်ရာကျော်တို့ကလည်း ဟမ်းစတတ်မူလတန်းကျောင်းတွင် ၄ဝ ဒီဂရီအောက်ရာသီဥတုရှိနေကာ မိုးဖွဲလေးများရွာသွန်း နေသော်လည်းစုဝေးကာ ဖယောင်းတိုင်မီးများ ထွန်းညှိကာ သေဆုံးသူ မိန်းကလေးများအတွက် ဆုတောင်း ဝတ်ပြုပွဲကျင်းပခဲ့ကြသည်။ အလားတူပင် South view  မူလတန်း ကျောင်းတွင်လည်း ကျောင်းသူ၊ ကျောင်းသားများစုရုံးကာ သေဆုံး ရသူများအတွက် ဆုမွန်ကောင်းများ တောင်းကာ ဝတ်ပြုခဲ့ကြသည်။


အရှိန်မထိန်းနိုင်ဘဲ တိုက်မိ သောကားမှာ အနက်ရောင်ဖို Ford F - 150  အမျိုးအစားဖြစ်ကြောင်း လိတ်ဟာလီမြို့ ရဲအဖွဲ့မှ ရဲတပ်ကြပ် ကြီး ဒင်နီယယ်ဆော့အပ်က ပြောကြားကာ ယာဉ်မောင်းဖြစ်သူမှာ အသက် (၂၁) နှစ်အရွယ် Colten Treu  ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချိုင့်အတွင်း ဘီးချော်ကျကာ တိုက်မိခဲ့ခြင်းဖြစ်သည်။

Ref: AP

#democracytoday

Rate this item
(0 votes)
back to top