HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နေရာရွှေ့ပြောင်းလာသူ လူအုပ်ကြီး မက္ကဆီကို စီးတီးမြို့သို့ ရောက်ရှိ၊ အားကစားကွင်းအတွင်း ကြုံသလို အိပ်စက်ရ  

နေရာရွှေ့ပြောင်းလာသူ လူအုပ်ကြီး မက္ကဆီကို စီးတီးမြို့သို့ ရောက်ရှိ၊ အားကစားကွင်းအတွင်း ကြုံသလို အိပ်စက်ရ   

မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၆

အမေရိကအလယ်ပိုင်းဒေသမှ နေရာရွှေ့ပြောင်းလာသော လူထောင်ပေါင်းများစွာတို့သည် မက္ကဆီကိုစီးတီးမြို့သို့ ရောက်ရှိလာခဲ့ပြီး အားကစားကွင်းတစ်ခုအတွင်း ကြုံသလိုအိပ်စက်ခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံသို့ရောက်ရှိရန် မိုင်ရာနှင့်ချီ၍လိုနေသေး သော်လည်း သက်တမ်းဝက်ရွေးကောက်ပွဲနှင့် ရင်ဆိုင်ရမည့် သမ္မတဒေါ်နယ်ထရန့်အတွက် အလေးထားစရာပြဿနာတစ်ခုဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် Jesus Martinez အားကစားကွင်းထဲသို့ လူပေါင်း ၂ဝဝဝ ကျော်ရောက်ရှိလာခဲ့ပြီး လှူဒါန်းထားသော အဝတ်များကို ပြောင်းလဲဝတ်ဆင်ခြင်း၊ ရေချိုးဆပ်ပြာများဝေငှခြင်း၊ ရွက်ဖျင်တဲများအောက်တွင် ကြက်သားဖြင့် နေ့လယ်စာစားခြင်း၊ တစ်ညတာကိုဖြတ်သန်းရန် ပါးလွှာသောမွေ့ရာများကို ခင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

အခြားရွှေ့ပြောင်းသူများက အရည်ကြည်ဖု၊ နာကျင်ကိုက်ခဲမှု၊ အဖျားဝေဒနာနှင့် အခြားရောဂါများ အတွက် ကုသမှုများခံယူရန် ဆေးကုသရေးစခန်းများဆီ သွားရောက်ခဲ့ကြသည်။ မက္ကဆီကိုစီးတီးမြို့၏ ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုတာနီယာအက်စကိုဘာက ''ကျွန်မ တို့ ဒီကိုရောက်ကတည်းက မနားရ သေးပါဘူး''ဟု ပြောကြားခဲ့သည်။


အခြားနေရာရွှေ့ပြောင်းလာသူ ထောင်ပေါင်းများစွာကလည်း ပူဘလာမြို့နှင့် မြို့တော်အကြား အဝေးပြေးလမ်းမတစ်လျှောက် နှေးကွေးစွာလမ်းလျှောက်ခဲ့ကြပြီး အနားမှဖြတ်သွားသည့် ယာဉ်များကို လူကြုံတင်ခေါ်ဆောင်သွားရန် တားဆီးမှုများရှိခဲ့သည်။ ယင်းမြို့၏ လူ့အခွင့်အရေးကော်မရှင် စုံစမ်းရေးမှူးနာရှီယာလီ ရာမီရက်ဇ်က မြို့အနေဖြင့် လူဦး ရေ ၅ဝဝဝ ဖြင့် ဦးဆောင်လာသော လူအုပ်ကြီးနှင့် နောက်မိုင်ပေါင်း များစွာမှလိုက်ပါလာသော ရာနှင့်ချီသောလူအုပ်များ ထပ်မံများပြား လာချိန်တွင် ၄င်းတို့ကို နေရာထိုင်ခင်းချထားပေးရန် ပြင်ဆင်ထားသည်ဟုဆိုသည်။

Ref:AP

#democracytoday

Rate this item
(0 votes)
back to top