HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပင်ပန်းနွမ်းနယ်သော သူနာပြုများကြောင့် လူနာကို အန္တရာယ်ဖြစ်နိုင်

ပင်ပန်းနွမ်းနယ်သော သူနာပြုများကြောင့် လူနာကို အန္တရာယ်ဖြစ်နိုင်

ဘန်ကောက်၊ နိုဝင်ဘာ ၆

ထိုင်းနိုင်ငံသူနာပြုနှင့် သားဖွားဆရာမများကောင်စီက သူနာ ပြုများ၏ ပုံမှန်အလုပ်မှ ပင်ပန်းနွမ်းနယ်မှုများကို သက်သာအောင် ကူညီရန်ရည်ရွယ်ထားကြောင်း၊ သူနာပြုများသည် တစ်ပတ်အလုပ်ချိန် နာရီ ၄ဝ နှင့်အထက်လုပ်ကြ ရကြောင်း၊ ပင်ပန်းမှုက သူနာပြုများ၏ ကျန်းမာရေးကိုအကျိုးမပြု ကြောင်း ပြောကြားလိုက်သည်။

သူနာပြုများမှာ ၎င်းတို့၏ လုပ်ငန်းတာဝန်ကို ''အဓမ္မ''ခိုင်းသလိုမျိုးဖြစ်နေရာ ကျန်းမာရေး ဝန်ထမ်းနည်းပါးမှုကြောင့် အနားယူရန် အခွင့်အလမ်းမရှိကြောင်း၊ ကောင်စီ၏ကိုယ်စားလှယ်ခရစ် ဆာဒါဆာဝိန်းဒီက ပြည်သူ့ကျန်း မာရေးဝန်ကြီးဌာန၌ ဤကိစ္စအား အစည်းအဝေးမပြုလုပ်မီ ပြောကြား လိုက်သည်။ ပြည်သူ့ကျန်းမာရေးဌာန အမြဲတမ်းအတွင်းဝန်က အစည်းအ ဝေးကို မိမိတို့စောင့်မျှော်နေကြောင်း သူမက ပြောကြားလိုက်သည်။


ကောင်စီအနေဖြင့် ဝန်ပိနေမည့်အလုပ်ချိန်ကို ဥပဒေအသစ် ဖြင့် လျှော့ချပေးရန်လိုလားကြောင်း ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်ဆုဟမ်ကန်ချနာဖီမိုင်းက ဤကိစ္စကိုလေ့လာရန် အဖွဲ့တစ် ခုကို ဖွဲ့စည်းပေးခဲ့သည်။ ၎င်းတို့သည် ပြည်သူ့ကျန်းမာရေးဝန်ထမ်း များအတွက် သင့်လျော်သောအလုပ် ချိန်ကို သတ်မှတ်ပေးရမည်ဖြစ် သည်။


ယခုအခါ သူနာပြုများမှာ ပုံ မှန်အလုပ်ချိန်ပြီးပါက မိမိဆန္ဒအ ရဖြစ်စေ၊ ခိုင်း၍ဖြစ်စေ အချိန်ပို ဆင်းနေကြရသည်။ အများစုမှာ ခိုင်း၍ဆင်းကြရသူများဖြစ်ကြ သည်ဟုဆိုသည်။ ထို့ကြောင့် သူနာပြုများသည် များသောအားဖြင့် တစ်နေ့လျှင် ၁၆ နာရီအလုပ်လုပ် နေကြရသည်။ ၎င်းတို့အတွက် အထူးလုပ်ခစနစ်ဖြင့် ဖြေရှင်းခြင်းမှာ ပုံမှန်အနေအထားမဟုတ် ကြောင်း မစ္စခရစ်ဆာဒါက ပြော ကြားလိုက်သည်။ အခြေအနေကို မဖြေရှင်းနိုင် ပါက လူနာများမှာ အရည်အသွေး ပြည့်ဝသောဝန်ဆောင်မှုကိုမရနိုင် ကြောင်း သူမကဆိုသည်။ မည်သူမျှ မတော်တဆမှုကို မဖြစ်စေလိုကြောင်း၊ သို့ရာတွင် အလုပ်ပိုလုပ်ရ၍ ပင်ပန်းသဖြင့် မတော်တဆမှုများပေါ်ပေါက်နေ ရကြောင်း၊ ခရစ်ဆာဒါက ပြောသည်။

Ref; Bangkok Post

#democracytoday

Rate this item
(0 votes)
back to top