HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တောင်ကိုရီးယားနိုင်ငံတွင် ဖုန်မှုန့်များ ထူထပ်စွာ ကျရောက်ပြီး လေထု ညစ်ညမ်းမှုများဖြစ်ပေါ်

တောင်ကိုရီးယားနိုင်ငံတွင် ဖုန်မှုန့်များ ထူထပ်စွာ ကျရောက်ပြီး လေထု ညစ်ညမ်းမှုများဖြစ်ပေါ်

ဆိုးလ်၊ နိုဝင်ဘာ ၇

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်၊ အင်ချွန်းနှင့် ဂျောင်းဂီပြည်နယ်များတွင် ဖုန်မှုန့်ထူထပ်နေမှုများကြောင့် အာဏာပိုင်များအနေနှင့်အရေးပေါ် စီမံဆောင်ရွက်မှုများဖြင့် ကာကွယ်တားဆီးမှုများပြုလုပ်နေကြရသည်ဟု နိုဝင်ဘာ ၇ ရက် သတင်းများအရ သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနသည် အသေးစိတ်လုပ်ငန်းများချမှတ် ဆောင်ရွက်နေပြီး မြို့တော်အဓိကနေရာများတွင်မူ အထူးစီမံချက်များချမှတ်ဆောင်ရွက်နေသည်ဟုလည်း သတင်းများအရသိရှိရသည်။ အထူးသဖြင့် ထင်ရှားနေရာများ၊ လမ်းမများပေါ်တွင် ကိုယ်ပိုင်မော်တော်ယာဉ်များအနေဖြင့် ယာဉ်မောင်းရန် နာရီသတ်မှတ်ခြင်းစသောဆောင်ရွက်မှုများ ကန့်သတ်ထားခဲ့သည်။

 

ဆိုးလ်မြို့တော် အုပ်ချုပ်ရေးအဖွဲ့သည် ဒီဇယ်ဆီသုံးကားများအ နေဖြင့် ယာဉ်ရပ်နားရန်နေရာ ၃၆ဝ အား ပိတ်ထားစေကာ မြို့တော်လေထုညစ်ညမ်းမှုအား အထောက်အကူပြုတားဆီးနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ဖုန်မှုန့်များ၏ အရွယ်အစားသည် ၂ ဒသမ ၅ မိုက်ကရိုမီတာထက်ကြီးမားပါက လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်ပေသည်။ နိုဝင်ဘာ ၈ ရက်နေ့ခန့်တွင် မိုးများရွာသွန်းနိုင်သောကြောင့် မြို့တွင်းလေထုသိပ်သည်းဆများ အားလျော့ပါးစေနိုင်မည်ဖြစ်သည် ဟု တောင်ကိုရီးယားမိုးလေဝသ ဌာနမှ သတင်းထုတ်ပြန်ကြေညာထားသည်။ 

 

Ref: Yonhap

#democracytoday

Rate this item
(0 votes)
back to top