HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန် ရွေးကောက်ပွဲတွင် ဒီမိုကရက်တို့က ရီပတ်ဘလီကန် နေရာများကို ပထမဆုံး အနိုင်ယူ

အမေရိကန် ရွေးကောက်ပွဲတွင် ဒီမိုကရက်တို့က ရီပတ်ဘလီကန် နေရာများကို ပထမဆုံး အနိုင်ယူ

ဝါရှင်တန်၊ နိုဝင်ဘာ ၇

အမေရိကန်ပြည်ထောင်စု ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီပါတီဝင်များက ရီပတ်ဘလီကန်ပါတီ၏နေရာနှစ်ခုတွင် အနိုင်ရရှိလိုက်ကြောင်း၊ ဗာဂျီးနီးယားနှင့်ဖလော်ရီဒါပြည်နယ်တို့တွင် ဖြစ်ကြသည်။ ရီပတ်ဘလီကန်ပါတီကလည်း အနိုင်ရအောင်အလွန်ကြိုးပမ်းခဲ့ကြသည်ဟုဆိုသည်။

ဒီမိုကရက်တစ်ပါတီဝင်ပြည် နယ်အမတ် ဂျင်နီဖာဝက်စ်တန်က ရီပတ်ဘလီကန်၏ သက်တမ်းနှစ်ခု ဆက်လက်အနိုင်ရထားသည့် ဘာဘရာကွန်စတော့အား မဲ ၅၇ ရာ ခိုင်နှုန်း၊ ၄၃ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိလိုက်သည်။ ဗာဂျီးနီးယားပြည်နယ် မြောက်ပိုင်းခရိုင်၌ဖြစ်သည်။ ဤပြည်နယ်တွင် ၂ဝ၁၆ ခုနှစ်က ဟီလာရီကလင်တန်အနိုင်ရခဲ့သည်။  ဒုတိယအနိုင်ရလိုက်သူမှာ ယခင်သမ္မတကလင်တန်၏ ကက်ဘိနက်အဖွဲ့ဝင်ဟောင်း ဒီမိုကရက် ဒွန်နာရှာလာလာဖြစ်သည်။ ဖ လော်ရီဒါပြည်နယ်၌ အောက်လွှတ် တော်အမတ်အဖြစ် အနိုင်ရခဲ့ သည်။ သူမက ရီပတ်ဘလီကန် အီလီယာနာရို့စ်လာတီနင်ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။


အမတ် ၄၃၅ ဦးရှိ အောက်လွှတ်တော်တွင် ဒီမိုကရက်တစ်ပါတီက အမတ် ၂၁ နေရာအနိုင်ရခဲ့သည်။ အောက်လွှတ်တော်ကို ကြီးစိုးနိုင်ပြီဖြစ်သည်။ လက်ရှိတွင် သမ္မတဒေါ်နယ်ထရန့်၏ ရီပတ်ဘလီကန်က ကြီးစိုးထားသည်။ ဗာဂျီနီးယားပြိုင်ပွဲတွင် ကွန်စတော့သည် ထရန့်နှင့်ဝေးဝေးနေ ခဲ့သည်။ မဲဆန္ဒရှင်များက ထရန့်အား အမျိုးသမီးမုန်းတီးသူအဖြစ် မြင်ထားကြသည်။ မြို့ဆင်ခြေဖုံး မဲဆန္ဒရှင်များက အလိုမရှိကြပေ။ အထူးသဖြင့် အမျိုးသမီးမဲဆန္ဒရှင် များက ထရန့်အပေါ် အလိုမရှိဟု ဆိုသည်။ ဤရှုံးနိမ့်မှုမှာ ရီပတ်ဘလီကန်များအတွက် အရှည်ဆုံးည ဖြစ်ခဲ့ရသည်။ ရီပတ်ဘလီကန် သည် မဲဆန္ဒရှင်အများစု၌ ရှုံးနိမ့်ခဲ့ ကြောင်း ရိုက်တာသတင်းကဖော် ပြခဲ့သည်။ လေ့လာသူတစ်ဦးက ဒီမိုကရက်တို့ အမတ် ၃ဝ အနိုင်ရ မည်ဟုခန့်မှန်းခဲ့သည်။


ထရန့်၏ ရီပတ်ဘလီကန်ပါတီက ဆီးနိတ်တွင် အနိုင်ရရှိခဲ့သည်။ ဆီးနိတ်တွင် ရီပတ်ဘလီ ကန်က ၅၁ နေရာနှင့်ဒီမိုကရက် ၄၉ နေရာရှိနေသည်။ ဒီမိုကရက်တို့က ပြည်နယ် ၁ဝ ခုတွင် ပြန် လည်အနိုင်ရရန် ကြိုးစားခဲ့သည်။ ထိုပြည်နယ်များမှာ ၂ဝ၁၆ တွင် ထရန့်အနိုင်ရရှိခဲ့သည်။

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top