HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး စည်းမျဉ်းအသစ်နှင့် ပတ်သက်သည့် အငြင်းပွားဖွယ်ရာများကို ထိုင်းဝန်ကြီးချုပ် ဖြေရှင်းပေးမည်

အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး စည်းမျဉ်းအသစ်နှင့်  ပတ်သက်သည့် အငြင်းပွားဖွယ်ရာများကို  ထိုင်းဝန်ကြီးချုပ် ဖြေရှင်းပေးမည်

ဘန်ကောက်၊ နိုဝင်ဘာ ၇

အကြီးတန်းပြည်သူ့ဝန်ထမ်းများအနေဖြင့် ၄င်းတို့၏ပိုင်ဆိုင်မှုများနှင့် ပေးရန်ရှိသည့်ကြွေးမြီများကို ကြေညာရန်လိုအပ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီက ကြေညာထားသော စည်းမျဉ်းအသစ်နှင့် ပတ်သက်သော အငြင်းပွားမှုများကို အစိုးရက ဖြေရှင်းပေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ပြောဆိုလိုက်သည်။ ဗိုလ်ချုပ်ကြီး ပရာယွတ်က အမျိုးသားအဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်(NACC)နှင့်အတူ ပြည်သူ့ ဝန်ထမ်းများအပေါ် အကျိုးသက် ရောက်မှုရှိလာမည့် ယင်းစည်းမျဉ်း ဥပဒေကို ဖြေရှင်းရေးကိစ္စဆွေး နွေးရန် ဒုတိယဝန်ကြီးချုပ် ဝီဆာ နုကီရာနမ်ကို အမိန့်ပေးထား ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ပြောဆိုခဲ့သည်။

NACC ၏ စည်းမျဉ်းအသစ်သည် အရာရှိတော်တော်များများ ကိုအကျပ်ရိုက်စေပြီး အချို့ကိုအ လုပ်မှနုတ်ထွက်စေရန်အထိခြိမ်း ခြောက်နေကြောင်းသိရသည်။ ဝန် ကြီးချုပ်က ယင်းကိစ္စသည် နိုဝင် ဘာ ၆ ရက်တွင်ပြုလုပ်သည့် ကတ်ဘိနက်အစည်းအဝေးတွင်လူ ပြောများသည့် ကိစ္စရပ်ဖြစ်နေပြီး ပြည်သူ့ဝန်ထမ်းများသည်ယင်း စည်းမျဉ်းများအောက်တွင် ၄င်း တို့၏ပိုင်ဆိုင်မှုများကို ကြေညာရန် လိုအပ်လာသည့်အတွက်ယင်း ပြဿနာကို မသိကျိုးကျွန်မနေနိုင် ကြောင်းပြောဆိုထားသည်။


တက္ကသိုလ်ကောင်စီအဖွဲ့ဝင်များအနေဖြင့် အသစ်ချမှတ်လိုက် သည့်စည်းမျဉ်းကြောင့် အလုပ်ထွက်ရသည်အထိ အကျိုးသက် ရောက်မှုရှိလာနိုင်သည့် စိုးရိမ်မှုရှိ နေကြောင်း ဗိုလ်ချုပ်ကြီးပရာယွတ်ကဆိုသည်။ သို့သော် ယင်းစည်း မျဉ်းသည် ဒီဇင်ဘာ ၂ ရက်အထိ အကျိုးသက်ရောက်မည်မဟုတ်သည့်အတွက် ပြဿနာကိုဖြေရှင်းရန် အချိန်ရှိနေသည်။ ပိုင်ဆိုင်မှုများကိုကြေညာရန် တွန့်ဆုတ်နေကြသည့် တက္ကသိုလ်ကောင်စီဝင်များထံဦးတည်သွားမည်ကို စိုးရိမ် နေကြသည့် နိုင်ငံတစ်ဝန်းမှ တက္ကသိုလ်များက ယင်းစည်းမျဉ်း ဥပဒေကို ပြင်းပြင်းထန်ထန်ဝေဖန် နေကြသည်။

Ref: Bangkokpost

#democracytoday

Rate this item
(0 votes)
back to top