HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အီရန် ဒုံးပျံ စမ်းသပ်လွှတ်တင်မှု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ပြစ်တင်ရှုတ်ချ  

အီရန် ဒုံးပျံ စမ်းသပ်လွှတ်တင်မှု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ပြစ်တင်ရှုတ်ချ   

ဝါရှင်တန်၊ ဒီဇင်ဘာ ၂

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အီရန်အစိုးရသည် နျူကလီးယား နိုင်ငံတကာသဘောတူညီချက်ကို ဖောက်ဖျက်၍ ဒုံးကျည်ထိပ်ဖူး အများအပြား တပ်ဆင်ထား သော တာလတ်ပစ်ဒုံးပျံ ပစ်လွှတ်စမ်းသပ်ခြင်းကို ဒီဇင်ဘာ ၁ ရက်က ပြစ်တင်ရှုတ်ချလိုက် သည်ဟု ဒီဇင်ဘာ ၂ ရက် သတင်းများအရသိရှိရသည်။

''ဒါဟာကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက် ၂၂၃ ကို ပြောင် ပြောင်တင်းတင်းပဲ ချိုးဖောက်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီချိုးဖောက်မှုကို ကျွန်တော် တို့ ပြင်းထန်စွာ ရှုတ်ချပါတယ်''ဟုလည်း ၎င်းက ပြောကြားလိုက်သည်။ အမေရိကန် ကာကွယ်ရေးဝန် ကြီး ဂျင်မက်တစ်က အီရန်ရဲ့ ဒီ လုပ်ရပ်ဟာ ရပ်ဆိုင်းထားရတဲ့ ဒုံးပျံနည်းပညာနဲ့ စစ်ရေးစစ် ရာ ထောက်ပံ့မှုများ ပေး နေခြင်းကို တစ်နည်းတစ် ဖုံဖော်ပြရာ ရောက်နေတယ်''ဟု ကယ်လီဖိုးနီးယားတွင် ပြုလုပ်သော ဆွေး နွေးပွဲ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။


အီရန် အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲဖြစ်သူက ''အီရန်အစိုးရ သည် အမေရိကန်၏ပိတ်ဆို့အရေးယူထားမှုများ ခံထားရပြီး ဥရောပ သမဂ္ဂဝင်နိုင်ငံများသည် အီရန်မှ ရေနံများဝယ်ယူရေး ရပ်စဲပစ် ရန် ဥရောပသမဂ္ဂဝင်နိုင်ငံများသို့ မေတ္တာရပ်ခံခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားသက်ရောက်မှုများ ရှိမလာသည့်အပေါ်တွင် စိတ်ရှည်စွာသည်း ခံစောင့်ဆိုင်းခဲ့မှုများ ကုန်ဆုံးခဲ့ရပြီ''ဟူ၍ သတိပေးပြောဆိုခဲ့သည်။

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top